သူရဦးရွှေမန်းက Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားတဲ့အပေါ် မြန်မာ့တပ်မတော်က ကန့်ကွက်

0
299

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁၁ ကျောင်းဆင်းပွဲအတွက် မေတ္တာမွန်စာလွှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားလိုက်တဲ့အပေါ်ကို မြန်မာ့တပ်မတော်က ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာပါ။ မြန်မာ့တပ်မတော်ရဲ့ ကြေညာချက်ထဲမှာတော့ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုမရှိသလို သူရဦးရွှေမန်းက မြှောက်ပင့်ပေးတဲ့ သဘော သက်ရောက် စေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၇) ရက် ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)