၂၁ ရာစု ပင်လုံညီလာခံကို ၁ လ ၂လအတွင်း ကျင်းပလုပ်ဆောင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

0
248

၂၁ ရာစု ပင်လုံညီလာခံကို ၁ လ ၂လအတွင်း ကျင်းပလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ နေပြည်တော် Horizon Lake View ဟိုတယ်မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ (JMC-U)နဲ့ ဒေါ်အောင်စုကြည်တို့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး ခိုင်မြဲခြင်းရဲ့ အကျိုးဆက်ကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ ထင်သာမြင်သာအောင် ပြသနိုင်ခြင်းကနေ အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပါဝင်လာအောင် ဆွဲဆောင်နိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၂၇) ရက် ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)