ဦးဝီရသူ တရား ဆက်ဟောနေရင် ထောင်ချခံရမယ်လို့ မဟန ဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

0
379

တရားဟောခွင့် တစ်နှစ် ပိတ်ထားတဲ့ကြားက ဆက်လက် တရားဟောပြောခြင်း၊ ပါးစပ်ကို တိပ်နဲ့ ပိတ်ပြီး နောက်ခံ အခွေဖွင့်ခြင်းတွေ ဦးဝီရသူ လုပ်နေတာနဲ့ ပတ်သက်လို့ အာဏာဖီဆန်ရင် ထောင်ချခံရမယ်လို့ မဟန ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

မနေ့ မတ်လ ၂၇ ရက်နေ့က ပုသိမ်မြို့၊ မြောင်းမြ ကျောင်းတိုက်ကို ကြွလာတဲ့ ဗန်းမော်ဆရာတော် ဘဒ္ဒန္တ ကုမာရာဘိဝံသကို ဧရာဝတီသတင်းထောက်က မေးမြန်းလျှောက်ထားစဉ် မိန့်ကြားခဲ့တာပါ။

တရားဟောခွင့် ပိတ်လိုက်တာကို ဆက်ဟောရင် အမိန့်မနာခံတဲ့အတွက် ဥပဒေ ရှိကြောင်း၊ မဟုတ်တာတွေကို လုပ်ကြံပြီး သူ့ဟာသူ ဟောနေကြောင်းနဲ့ အဲဒီလို ဟောနေရင် ထောင်ချနိုင်တယ်လို့ ဗန်းမော်ဆရာတော်က မိန့်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် သတ်တာ ဖြတ်တာ မုန်းတီးတာတွေ မလုပ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်မှုကိစ္စတွေ စိတ်မကူးကြဖို့လည်း ဆရာတော်က သြဝါဒ ပေးသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)