တရားမဝင် သယ်ဆောင်လာတဲ့ မြွေ အကောင် ၄၀၀ ကျော် ဖမ်းမိ

0
627

မန္တလေးကနေ မူဆယ်ကို သွားရောက်မယ့် ကားတစ်စီးကို ရေပူအမြဲတမ်း စစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးရာမှာ မြွေ အကောင် ၄၄၃ ကောင်ကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးမှုမှာ မြွေပွေး အရှင် အကောင် ၇၀၊ မြွေပွေးအသေ ၁ ကောင်၊ မြွေဟောက် အရှင် ၂၅ ကောင်၊ လင်းမြွေအရှင် ၃၃၂ ကောင်နဲ့ လင်းမြွေအသေ ၁၅ ကောင်၊ စုစုပေါင်း ၄၄၃ ကောင် ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

တရားမဝင် ကုန်စည်တွေ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနဲ့ မရမ်းချောင်မှာ စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး တရားမဝင်၊ အထောက်အထားမဲ့ ကုန်စည် ဖမ်းဆီးရရှိမှုတွေလည်း နေ့စဉ်လိုလို ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)