ခေတ်နဲ့ ညီအောင် ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်ဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော

0
318

ခေတ်ကာလ အခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်ဖို့လိုပြီး ပြည်သူတွေ လေးစားလိုက်နာနိုင်တဲ့ ဥပဒေ ဖြစ်ဖို့ အထူးလိုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မနေ့က မတ်လ ၂၇ ရက်နေ့မှာ တွေ့ဆုံစဉ် ဦးဝင်းမြင့်က အဲဒီလို ပြောဆိုတာ ဖြစ်ပါတယ်။

တည်ဆဲ ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့လည်း လိုကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေမှာ ပါရှိတဲ့ မေးခွန်း၊ အဆိုတို့ဟာ စည်းကမ်းချက်၊ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သူက သတိပေးသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)