မြဝတီမှာ ၁ သောင်းတန် ငွေစက္ကူ အတုတွေ မိ

0
333

မြဝတီမြို့၊ အမှတ် (၆) ကင်းစခန်းမှာ ငွေစက္ကူ ၁ သောင်းကျပ်တန် အရွက် ၂၀ ကို သတင်းအရ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

မဲဆောက်မြို့ကနေ စက်လှေနဲ့ ကူးလားတဲ့ ဝင်းနိုင် (ခ) စဒစ်ဆီကနေ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ဝင်းနိုင်ဟာ ထိုင်းနိုင်ငံမှာ ၁၀ နှစ် နေထိုင်ခွင့်ကတ် ပြုလုပ်ထားတာ တွေ့ရပါတယ်။ အဲဒီ ငွေစက္ကူတွေကို တစ်ရွက်လျှင် ဘတ် ၁၀၀ နဲ့ ဝယ်ခဲ့ပြီး မြန်မာဘက်မှာ သုံးဖို့အတွက် ဖြစ်တယ်လို့ ဝင်းနိုင်က ထွက်ဆိုပါတယ်။

ငွေစက္ကူအတု ကိုင်ဆောင်သူ ဝင်းနိုင်နဲ့ အတုပြုလုပ် ဖြန့်ဖြူးသူ ခင်ဝင်းတို့ကို မြဝတီရဲစခန်းမှာ ဖမ်းဆီးထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)