ရန်ကုန်သင်္ကြန် ဗဟို မဏ္ဍပ်အတွက် ကျပ် သိန်း ၂ ထောင် သုံးမယ်

0
282

ရန်ကုန်သင်္ကြန် ဗဟို မဏ္ဍပ်အတွက် ငွေကျပ် သိန်း ၂ ထောင် အကုန်အကျခံဖို့ ရည်ရွယ်ထားတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရမဏ္ဍပ်၊ စည်ပင်မဏ္ဍပ် စသဖြင့် ခွဲမလုပ်တော့ဘဲ ဗဟိုမဏ္ဍပ် တစ်ခုတည်း ဆောက်လုပ်မှာ ဖြစ်ပါတယ်။ စပွန်ဆာ ပေးမယ့်သူတွေရှိရင်လည်း လက်ခံမယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

လုံခြုံရေးကိုလည်း တင်းကြပ်မှာ ဖြစ်ပါတယ်။ ရာသီဥတု ပူပြင်းတဲ့အတွက် ရေကစားချိန်ကို မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီ တကြိမ်နဲ့ ညနေ ၃ နာရီကနေ ၆ နာရီတကြိမ်ဆိုပြီး ရန်ကုန်တိုင်း အစိုးရက သတ်မှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)