ခုံရုံးအဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ကန့်ကွက်တဲ့ အဆို အပြတ်အသတ်ရှုံးနိမ့်

0
337

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ကန့်ကွက်မှုအဆို မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

OB-RX045_myanpa_E_20120221055250

ဒီကနေ့ မတ်လ ၂၈ ရက် နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင်တို့ကို သတ်မှတ်ထားတဲ့အရည် အချင်းတွေနဲ့ ပြည့်စုံမှုမရှိဘူးဆိုတဲ့အချက်နဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းက ကန့်ကွက်ခဲ့တာပါ။

ကန့်ကွက်တဲ့အဆိုကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် မသင့် ဆန္ဒမဲ ပေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်ခင်ဌေးကြွယ်က ထောက်ခံမဲ ၁၉၅၊ ကန့်ကွက် မဲ ၄၃၅ မဲ၊ ကြားနေမဲ ၄ မဲ၊ စုစုပေါင်း ၆၃၄ မဲရရှိခဲ့ပါတယ်။ ဦးတွာလ်ကျင်ပေါင်ကိုတော့ ထောက်ခံမဲ ၁၉၆ မဲ၊ ကန့်ကွက် မဲ ၄၃၂ မဲ၊ ကြားနေမဲ ၅ မဲ စုစုပေါင်း ၆၃၃ မဲနဲ့ ကန့်ကွက်တဲ့အဆို ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူဦးထင်ကျော်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေအဖြစ် အမည်စာရင်းတင်သွင်းထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီအမည်စာရင်းထဲမှာတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ အဖြစ် ဦးမျိုးညွန်နဲ့ အတူ အဖွဲ့ဝင်တွေအဖြစ် ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း စတဲ့ ပုဂ္ဂိုလ် ၉ ဦး တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတရဲ့ အစိုးရသက်တမ်းနဲ့အတူ ၅ နှစ် သက်တမ်း ရှိမှာလဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)