ပါတီစုံဒီမိုကရေစီဖော်ဆောင်ရာမှာ နှောက်ယှက်ဟန့်တားမှုတွေ ရှိနေလို့ ကာကွယ်ရေးဦးချုပ်ပြော

0
314

လက်ရှိလုပ်ဆောင်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ နှောက်ယှက်ဟန့်တားမှုတွေ ရှိနေတယ်လို့ ကာကွယ်ရေးဦးချုပ်က ပြောကြားလိုက်ပါတယ်။

Min Aung Hlaing

မတ်လ ၂၇ ရက်နေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ပြောကြားတဲ့မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားလိုက်တာပါ။

အဲ့ဒီမိန့်ခွန်းထဲမှာပဲ ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီဖော်ဆောင်ရာမှာ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနဲ့ ဥပဒေတို့ကိုလေးစားလိုက်မှုတွေမှာအားနည်းချက်တွနဲ့ လက်နက်ကိုင် သောင်းကျန်းမှုတွေက အဓိကအနှောက်အယှက် အဟန့်အတားဖြစ်နေတယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဲ့ဒီအချက်တွေကြောင့် ပရမ်းပတာဒီမိုကရေစီကို ရောက်သွားနိုင်တဲ့အတွက် တပ်မတော်အနေနဲ့ ဒို့ တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားတာပါ။

မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ၇၁ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာတော့ လက်ရှိအစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တွေ၊ တပ်မတော်အရာရှိဟောင်းတွေနဲ့အတူ NCA ငြိမ်းချမ်းရေးအပစ်အခက် ရပ်ဆဲ ရေးသဘောတူ စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)