အထည်ချုပ်စက်ရုံတွေ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ဖို့ ကူညီပေးရန် အစိုးရကို တောင်းဆို

0
282
devices -->

COVID – 19 သက်ရောက်မှုကြောင့် ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လာပြီး လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ ခက်ခဲမှုတွေ ရင်ဆိုင်လာရတာကြောင့် အချက် ၁၀ ချက်ကို ကူညီပေးဖို့ ကုန်သည် စက်မှူအသင်းချုပ်က အစိုးရကိုတောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စက်ရုံတွေဟာ တရုတ်ပြည်ကလာတဲ့ ကုန်ကြမ်းကို အဓိကမှီခိုအားကိုးနေရပြီး စက်ရုံလည်ပတ်နေရတာဖြစ်တဲ့အတွက် တရုတ်ပြည်ရဲ့COVID-19 ရောဂါကြောင့် တရုတ်ပြည်ဘက်ကနေ ကုန်ကြမ်းတွေ ဝင်ရောက်မှု ရပ်တန့်နေလို့ အခက်အခဲ ဖြစ်ပေါ်နေရတဲ့ အကြောင်းကို လုပ်ငန်းရှင်တွေ၊သက်ဆိုင်ရာအသင်းအဖွဲ့တွေစုပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က UMFCCI မှာတွေ့ဆုံဆွေးနွေခဲ့ပြီး အချက် ၁၀ ချက်ကိုထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။



COVID – 19  သက်ရောက်မှုကြောင့် ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လာပြီး လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ ခက်ခဲမှုတွေ ရင်ဆိုင်လာရတာကြောင့် အချက် ၁၀ ချက်ကို ကူညီပေးဖို့ ကုန်သည် စက်မှူအသင်းချုပ်က အစိုးရကိုတောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စက်ရုံတွေဟာ တရုတ်ပြည်ကလာတဲ့ ကုန်ကြမ်းကို အဓိကမှီခိုအားကိုးနေရပြီး စက်ရုံလည်ပတ်နေရတာဖြစ်တဲ့အတွက် တရုတ်ပြည်ရဲ့COVID-19 ရောဂါကြောင့် တရုတ်ပြည်ဘက်ကနေ ကုန်ကြမ်းတွေ ဝင်ရောက်မှု ရပ်တန့်နေလို့ အခက်အခဲ ဖြစ်ပေါ်နေရတဲ့ အကြောင်းကို လုပ်ငန်းရှင်တွေ၊သက်ဆိုင်ရာအသင်းအဖွဲ့တွေစုပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က UMFCCI မှာတွေ့ဆုံဆွေးနွေခဲ့ပြီး အချက် ၁၀ ချက်ကိုထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။

ယာယီပိတ်သိမ်းမယ့် လုပ်ငန်းများ၊ အလုပ်လျော့ချမည့် လုပ်ငန်များ၏ လုပ်သားများကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကိုရည်ညွန်း၍ နိုင်ငံတော်အစိုးရ မှ ဆောင်ရွက်ပေးပါရန်။ ဥပဒေအရလျော်ကြေးငွေပေးရမည်ဆိုလျင်လည်း အနည်းဆုံးလုပ်ခလစာ အပေါ်မှာသာ တွက်ချက် ပေးခွင့် ပြုရန်။ အလုပ်သမားများ၏ လုပ်သက်ခွင့်/ရှောင်တခင်ခွင့်ကဲ့သို့သော ခွင့်ရက်များကိုလစာငွေ မပေးဘဲခွင့်ရက် ပေးခြင်း (Temporary Leave Without Pay) ဖြင့်ဗိုင်းရပ်(စ်) ရောဂါပြန့်ပွားမှု ငြိမ်သက်သွားသည်အထိ ယာယီ ဆောင်ရွက်ခွင့်ပေးရန်။လူမှုဖူလုံရေးထည့်ဝင်ကြေးရန်ပုံငွေမှ သက်သာသောအတိုးနှုန်းဖြင့် ဗိုင်းရပ်(စ်)ကြောင့် အခက်အခဲ ကြီးစွာ ရင်ဆိုင်နေရသောလုပ်ငန်းရှင်များ နှင့် အလုပ်သမားများအားကူညီရန်။ မြန်မာနိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသည့် လုပ်ငန်းလည်ပတ်လျက်ရှိသော လုပ်ငန်းရှင်များအား လုပ်ခလစာပေးရန် သော်လည်းကောင်း၊ လုပ်ငန်းလည်ပတ်ရပ်တည်နိုင်ရန် အတွက်သော်လည်းကောင်း ဘဏ်များမှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးရန်။ မေလတွင်ကြေညာမည့် အနည်းဆုံးလုပ်ခလစာ နှင့် ပတ်သက်၍ ယခုဖြစ်ပေါ်နေသော အခြေအနေများအရ စက်တင်ဘာလသို့ နောက်ဆုတ်ပေးရန်။ အလုပ်ရှင်-အလုပ်သမား များအကြား နားလည်မှုရရှိစေရန် အစိုးရမှ ပကတိအခြေအနေမှန် သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီမျှဝေပေးရန်။ အလုပ်သမားများအနေဖြင့် နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်းများ မလုပ်ကြရန် အစိုးရမှ တိုက်တွန်း နှိုးဆော်ပေးရန်ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ချောအချိန်မှီ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် စာချုပ်ကတိကဝတ် ဖောက်ဖျက်၍ လျော်ကြေးများပေးရခြင်းမှ ကာကွယ်ရန် အစိုးရမှ တရားဝင် ကြေညာချက် စာထုတ်ပေးရန်။ ကုန်ကြမ်းပစ္စည်းများရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ မြန်ဆန်စွ ာရှင်းလင်းထုတ်ယူနိုင်ရေး အတွက် အကောက်ခွန်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန် တို့ဖစ်ပါတယ်။