ထိုင်း-မြန်မာနယ်စပ်ရှိ ရေလှောင်ကန်ထဲမှာ အလောင်း (၇) လောင်းတွေ့ရှိ

0
1386

ထိုင်း – မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၁ နယ်မြေအတွင်း ၊ ပါဒဲန်း လွမ် Golden House Project အနီး ရေလှောင်ကန်ထဲမှာ အမျိုးသားရုပ်အလောင်း (၇)လောင်းမှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီရုပ်အလောင်း ၇ လောင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးထားတာဖြစ်ပြီး ရုပ်အလောင်းတွေပြန့် ကျဲပေါ်လာတာနဲ့ ပတ်သက်ပြီး တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေရဲ့ သုံးသပ်ချက်အရ ဖေဖော်ဝါရီ ၂၄ ရက်ကမူးယစ် ဆေးဝါး သယ်ဆောင်လာတဲ့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂,၀၀၀, ၀၀၀ နဲ့အတူ အိုက်စ် ၁၄ ကီလိုကိုပါ သိမ်းဆည်းရမိခဲ့ပေမယ့် အရှင်ဖမ်းဆီးမရမိခဲ့တဲ့အတွက် သေဆုံးသူ တွေမှာတစ်ဖွဲ့တည်းဖြစ်နိုင် သလို အချင်းချင်းနုတ်ပိတ်သတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊မနနက် ၁၀ နာရီခန့်က အမှတ်(၂) ဖာမိန်းတပ်ရင်းမှ တပ်ခွဲ(၃) မှတပ်ဖွဲ့ ဝင်များ၊ မယ်ဆိုင်မြို့တော်ဝန် မစ္စတာစုမ်းချိုင်း ခနာခမ်း၊ ကော့ချန်းနယ် မြေခံ ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ပဝင်းထောင်း စုမ်းဘွန်းတို့နဲ့အတူ ကျန်းမာရေးဝန်ထမ်းများပါ သွားရောက်စစ်ဆေးခဲ့ကြတာ ဖြစ်တယ်လို့ရွှေ့ပြောင်းအရင်း အမြစ်စင်တာမှာ ထုတ်ပြန်ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်ရှိ ရေလှောင်ကန်ထဲမှာ အလောင်း (၇) လောင်းတွေ့ရှိ

ထိုင်း – မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၁ နယ်မြေအတွင်း ၊ ပါဒဲန်း လွမ် Golden House Project အနီး ရေလှောင်ကန်ထဲမှာ အမျိုးသားရုပ်အလောင်း (၇)လောင်းမှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီရုပ်အလောင်း ၇ လောင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးထားတာဖြစ်ပြီး ရုပ်အလောင်းတွေပြန့် ကျဲပေါ်လာတာနဲ့ ပတ်သက်ပြီး တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေရဲ့ သုံးသပ်ချက်အရ ဖေဖော်ဝါရီ ၂၄ ရက်ကမူးယစ် ဆေးဝါး သယ်ဆောင်လာတဲ့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂,၀၀၀, ၀၀၀ နဲ့အတူ အိုက်စ် ၁၄ ကီလိုကိုပါ သိမ်းဆည်းရမိခဲ့ပေမယ့် အရှင်ဖမ်းဆီးမရမိခဲ့တဲ့အတွက် သေဆုံးသူ တွေမှာတစ်ဖွဲ့တည်းဖြစ်နိုင် သလို အချင်းချင်းနုတ်ပိတ်သတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊မနနက် ၁၀ နာရီခန့်က အမှတ်(၂) ဖာမိန်းတပ်ရင်းမှ တပ်ခွဲ(၃) မှတပ်ဖွဲ့ ဝင်များ၊ မယ်ဆိုင်မြို့တော်ဝန် မစ္စတာစုမ်းချိုင်း ခနာခမ်း၊ ကော့ချန်းနယ် မြေခံ ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ပဝင်းထောင်း စုမ်းဘွန်းတို့နဲ့အတူ ကျန်းမာရေးဝန်ထမ်းများပါ သွားရောက်စစ်ဆေးခဲ့ကြတာ ဖြစ်တယ်လို့ရွှေ့ပြောင်းအရင်း အမြစ်စင်တာမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီရုပ်အလောင်းတွေကို ပရာချာနုခေါ့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ရဲမှုခင်းတာဝန်ရှိသူတွေ က ခွဲစိတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)