နယ္နိမိတ္မ်ဥ္းကို Zero Line ၊ No Man’s Land လို႔ ေခၚေ၀ၚသံုးစြဲမွဳ မလုပ္ဖို႔ အစိုးရ အသိေပး

0
999

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ အၾကားရွိ နယ္နိမိတ္မ်ဥ္းကို Zero Line ၊ No Man’s Land လို႔ ေခၚေ၀ၚသံုးစြဲမွဳ မလုပ္ဖို႔ သတင္းမီဒီယာေတြကို အစိုးရက အသိေပးလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ၿပီးျပန္ၾကားေရး၀န္ႀကီးဌာနက ျမန္မာ သတင္းမီဒီယာအဖြဲ႔အစည္းေတြကို အသိေပးလိုက္တာပါ။

အဲ့ဒီလို ေၾကညာခ်က္ထဲမွာေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ အၾကားရွိ နယ္နိမိတ္မ်ဥ္းကို Zero Line ၊ No Man’s Land လို႔ သတင္းမီဒီယာအခ်ိဳ႕မွာ ေခၚေ၀ၚ သံုးစြဲေနတာေတြကို ေတြ႔ေနရတာေၾကာင့္ အစိုးရက တရား၀င္လက္ခံက်င့္သံုး ေခၚေ၀ၚထားတဲ့ “ႏွစ္ႏိုင္ငံ နယ္နိမိတ္မ်ဥ္း” လို႔သာ သံုးစြဲၾကဖို႔ အသိေပးထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>

နယ်နိမိတ်မျဉ်းကို Zero Line ၊ No Man’s Land လို့ ခေါ်ဝေါ်သုံးစွဲမှု မလုပ်ဖို့ အစိုးရ အသိပေး

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားရှိ နယ်နိမိတ်မျဉ်းကို Zero Line ၊ No Man’s Land လို့ ခေါ်ဝေါ်သုံးစွဲမှု မလုပ်ဖို့ သတင်းမီဒီယာတွေကို အစိုးရက အသိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီးပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ သတင်းမီဒီယာအဖွဲ့အစည်းတွေကို အသိပေးလိုက်တာပါ။

အဲ့ဒီလို ကြေညာချက်ထဲမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားရှိ နယ်နိမိတ်မျဉ်းကို Zero Line ၊ No Man’s Land လို့ သတင်းမီဒီယာအချို့မှာ ခေါ်ဝေါ် သုံးစွဲနေတာတွေကို တွေ့နေရတာကြောင့် အစိုးရက တရားဝင်လက်ခံကျင့်သုံး ခေါ်ဝေါ်ထားတဲ့ “နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း” လို့သာ သုံးစွဲကြဖို့ အသိပေးထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)