ဦးႏိုင္စိုးကို ဖမ္းဆီးထားတာ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကို အေႏွာင့္အယွက္ ျဖစ္တယ္လို႔ ANC ေျပာ

0
927

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ ေပါက္ကြဲမႈေတြနဲ႔ ပတ္သက္ၿပီး ရခိုင္အမ်ိဳးသားေကာင္စီ ANC ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဦးႏိုင္စိုးကို ဖမ္းဆီးထားတာ လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္အေပၚ အလြန္ အေႏွာင့္အယွက္ ျဖစ္ေစတယ္လို႔ ANC အေထြေထြ အတြင္းေရးမွဴး ဦးထြန္းေဇာ္က ေျပာပါတယ္။

ဦးႏိုင္စိုး ဖမ္းဆီးခံထားရတာနဲ႔ ပတ္သက္လို႔ မေန႔က ေၾကညာခ်က္ တစ္ေစာင္ကိုလည္း ANC ကေန ထုတ္ျပန္လိုက္ၿပီး သူ႔အေနနဲ႔လည္း ဒီေပါက္ကြဲမႈ ျဖစ္စဥ္မွာ ပါဝင္ပတ္သက္မႈ မရွိသလို၊ ANC အဖြဲ႔ အေနနဲ႔လည္း ပတ္သက္မႈ မရွိေၾကာင္း၊ အခုလိုမ်ိဳး ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတာဟာ ဓားစာခံအျဖစ္ ျပဳလုပ္ထားျခင္းသာ ျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။

ဒါ့အျပင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါဝင္ေနသူေတြဟာ မတရားဥပေဒ ပုဒ္မေတြနဲ႔ အခုလို ဖမ္းဆီးခံ၊ စြဲခ်က္တင္ခံေနရမယ္ဆိုရင္ လက္ရွိၿငိမ္းခ်မ္းေရး ျဖစ္စဥ္အေပၚမွာ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႔အစည္းေတြ၊ လူပုဂၢိဳလ္ေတြနဲ႔ လူထုကပါ အယံုအၾကည္ ပ်က္လာႏိုင္ေၾကာင္းနဲ႔ လူထု အယံုအၾကည္ မဲ့တဲ့ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ဟာလည္း ေအာင္ျမင္မႈ မရႏိုင္ဘူးလို႔ ANC က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးနိုင်စိုးကို ဖမ်းဆီးထားတာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်တယ်လို့ ANC ပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးနိုင်စိုးကို ဖမ်းဆီးထားတာ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အလွန် အနှောင့်အယှက် ဖြစ်စေတယ်လို့ ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

ဦးနိုင်စိုး ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ မနေ့က ကြေညာချက် တစ်စောင်ကိုလည်း ANC ကနေ ထုတ်ပြန်လိုက်ပြီး သူ့အနေနဲ့လည်း ဒီပေါက်ကွဲမှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှု မရှိသလို၊ ANC အဖွဲ့ အနေနဲ့လည်း ပတ်သက်မှု မရှိကြောင်း၊ အခုလိုမျိုး ဖမ်းဆီးချုပ်နှောင်ထားတာဟာ ဓားစာခံအဖြစ် ပြုလုပ်ထားခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူတွေဟာ မတရားဥပဒေ ပုဒ်မတွေနဲ့ အခုလို ဖမ်းဆီးခံ၊ စွဲချက်တင်ခံနေရမယ်ဆိုရင် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လူထုကပါ အယုံအကြည် ပျက်လာနိုင်ကြောင်းနဲ့ လူထု အယုံအကြည် မဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာလည်း အောင်မြင်မှု မရနိုင်ဘူးလို့ ANC က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)