အာဆီယံအဆင့် ပြိုင်ပွဲဝင်ဖို့အတွက် ကျွမ်းကျင်လုပ်သားဆိုင်ရာပြိုင်ပွဲ ပြုလုပ်သွားဖို့ ရှိနေ(ရုပ်/သံ)

0
934









>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျွမ်းကျင်လုပ်သားဆိုင်ရာ အာဆီယံအဆင့် ပြိုင်ပွဲဝင်ဖို့အတွက် ကျွမ်းကျင်လုပ်သားဆိုင်ရာပြိုင်ပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးကပေးပို့ထားပါတယ်။

အလုပ်အကိုင် ၁၂ မျိုးအတွက် ကျွမ်းကျင်လုပ်သားဆိုင်ရာ အာဆီယံအဆင့် ၂၀၁၈ ခုနှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လာမယ့် မတ်လ နှောင်းပိုင်းနဲ့ ဧပြီလဆန်းပိုင်းမှာ အလုပ်အကိုင် ၁၂ မျိုးအတွက် ကျွမ်းကျင်လုပ်သားဆိုင်ရာပြိုင်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ အသက် ၂၂ နှစ်အောက်အဖြစ် သတ်မှတ်ထားပြီး၊ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ NSSA လက်မှတ်ရရှိထားသူတွေနဲ့ လုပ်ငန်းကျွမ်းကျင်သူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

Soundbite – ဦးကျော်ကျော်လွင် (တွဲဖက်အတွင်းရေးမှူး) မြန်မာလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)

လျှပ်စစ်တပ်ဆင်မှု၊ လေအေးပေး စက်တပ်ဆင်မှု၊ ပရိဘောဂ၊ အဆောက်အအုံ၊ ဂဟေဆက်၊ စက်ယန္တားနဲ့ ဟိုတယ်လုပ်ငန်း စတဲ့ အလုပ်အကိုင် ၁၂ မျိုးမှာ အလုပ်အကိုင် တစ်မျိုးစီအတွက် လူ ၁၀ ဦးပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီအလုပ်အကိုင် တစ်မျိုးစီအတွက် ထူးချွန်တဲ့ အလုပ်သမား ၂ ဦးစီကို ရွေးချယ်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ကျွမ်းကျင်လုပ်သားဆိုင်ရာ အာဆီယံအဆင့် ၂၀၁၈ ခုနှစ် ပြိုင်ပွဲဝင်ဖို့ ထပ်မံ လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

Soundbite – ဦးကျော်ကျော်လွင် (တွဲဖက်အတွင်းရေးမှူး) မြန်မာလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ကျွမ်းကျင်လုပ်သားဆိုင်ရာပြိုင်ပွဲကို သုဝဏ္ဏအားကစားခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုပြုလုပ်မယ့် ကျွမ်းကျင်လုပ်သားဆိုင်ရာပြိုင်ပွဲကို ရန်ကုန်မြို့နဲ့ မကွေးမြို့တို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)