ရန္ကုန္ၿမိဳ႕ပတ္လမ္းမွာ ရထားလမ္း လူကူးခံုးေက်ာ္ တံတား ၃၅ စင္း ေဆာက္မယ္

0
930

ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းတစ္ေလွ်ာက္ ရထားလမ္းကူး ေနရာေတြမွာ ခံုးေက်ာ္တံတား ၃၅ စင္း တည္ေဆာက္မွာ ျဖစ္ပါတယ္။

တရားမဝင္ ျဖတ္ကူးမႈေတြ ရွိေနတဲ့အတြက္ မေတာ္တဆမႈေတြ ျဖစ္ပြားတာ မႏွစ္ကထက္ ပိုၿပီးမ်ားလာတဲ့အတြက္ လိုအပ္တဲ့ ေနရာေတြမွာ လူကူး ခံုးေက်ာ္တံတားေတြ ထပ္တိုးတည္ေဆာက္မွာ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ပတ္ရထား လမ္းပိုင္းသည္ ၄၆ ကီလိုမီတာ ရွည္လ်ားၿပီး ၿမိဳ႕ပတ္ဘူတာစဥ္ ၃၈ ဘူတာရွိကာ ၿမိဳ႕ပတ္ရထား ခရီးစဥ္ ၿမိဳ႕တစ္ပတ္ ေျပးဆြဲမႈ ၾကာျမင့္ခ်ိန္ မိနစ္ ၁၇ဝ ခန္႔ ရွိပါတယ္။

အလံုနဲ႔ ပန္းလႈိင္ ဘူတာၾကား ၂ စင္း၊ လွည္းတန္းနဲ႔ ကမာရြတ္ဘူတာၾကား ၃ စင္း၊ ကမာရြတ္နဲ႔ သီရိၿမိဳင္ဘူတာၾကား ၂ စင္း၊ သမုိင္းၿမိဳ႕သစ္နဲ႔ ႀကိဳ႕ကုန္း ဘူတာၾကား ၁ စင္း၊ အင္းစိန္နဲ႔ ရြာမဘူတာၾကား၂ စင္း၊ ရြာမနဲ႔ ေဖာ့ကန္ ဘူတာၾကား ၁ စင္း၊ ေဖာ့ကန္နဲ႔ ေအာင္ဆန္း ဘူတာၾကား ၁ စင္း၊ က်ဳိကၠလဲ့နဲ႔ မဂၤလာဒံုေစ်း ဘူတာၾကား ၁ စင္း၊ မဂၤလာဒံုေစ်းနဲ႔ မဂၤလာဒံုဘူတာၾကား ၁ စင္း၊ မဂၤလာဒံုနဲ႔ ေဝဘာဂီ ဘူတာၾကား ၁ စင္း၊ ေဝဘာဂီနဲ႔ ဥကၠလာ ဘူတာၾကား ၁ စင္း၊ ဥကၠလာနဲ႔ ပုရြက္ဆိတ္ကုန္း ဘူတာၾကား ၁ စင္း၊ ပုရြက္ဆိတ္ကုန္းနဲ႔ ေက်ာက္ေရတြင္း ဘူတာၾကားတြင္ ၃ စင္း၊ ေက်ာက္ေရတြင္းနဲ႔ တံတားကေလးဘူတာ ၂ စင္း၊ တံတားကေလးနဲ႔ ေရကူးဘူတာၾကား ၁ စင္း၊ ေရကူးနဲ႔ ပါရမီဘူတာၾကား ၁ စင္း၊ ပါရမီနဲ႔ ကံဘဲ့ဘူတာၾကား ၁ စင္း၊ ကံဘဲ့နဲ႔ ေဘာက္ေထာ္ဘူတာၾကား ၂ စင္း၊ ေဘာက္ေထာ္နဲ႔ တာေမြ ဘူတာၾကား ၂ စင္း၊ တာေမြနဲ႔ ေမတၱာၫြန္႔ဘူတာၾကား ၂ စင္း၊ ေမတၱာၫြန္႔နဲ႔ မလႊကုန္းဘူတာၾကား၂ စင္း၊ မလႊကုန္းနဲ႔ ပုဇြန္ေတာင္ ဘူတာၾကား ၁ စင္းတို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့ပတ်လမ်းမှာ ရထားလမ်း လူကူးခုံးကျော် တံတား ၃၅ စင်း ဆောက်မယ်

ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက် ရထားလမ်းကူး နေရာတွေမှာ ခုံးကျော်တံတား ၃၅ စင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

တရားမဝင် ဖြတ်ကူးမှုတွေ ရှိနေတဲ့အတွက် မတော်တဆမှုတွေ ဖြစ်ပွားတာ မနှစ်ကထက် ပိုပြီးများလာတဲ့အတွက် လိုအပ်တဲ့ နေရာတွေမှာ လူကူး ခုံးကျော်တံတားတွေ ထပ်တိုးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းသည် ၄၆ ကီလိုမီတာ ရှည်လျားပြီး မြို့ပတ်ဘူတာစဉ် ၃၈ ဘူတာရှိကာ မြို့ပတ်ရထား ခရီးစဉ် မြို့တစ်ပတ် ပြေးဆွဲမှု ကြာမြင့်ချိန် မိနစ် ၁၇ဝ ခန့် ရှိပါတယ်။

အလုံနဲ့ ပန်းလှိုင် ဘူတာကြား ၂ စင်း၊ လှည်းတန်းနဲ့ ကမာရွတ်ဘူတာကြား ၃ စင်း၊ ကမာရွတ်နဲ့ သီရိမြိုင်ဘူတာကြား ၂ စင်း၊ သမိုင်းမြို့သစ်နဲ့ ကြို့ကုန်း ဘူတာကြား ၁ စင်း၊ အင်းစိန်နဲ့ ရွာမဘူတာကြား၂ စင်း၊ ရွာမနဲ့ ဖော့ကန် ဘူတာကြား ၁ စင်း၊ ဖော့ကန်နဲ့ အောင်ဆန်း ဘူတာကြား ၁ စင်း၊ ကျိုက္ကလဲ့နဲ့ မင်္ဂလာဒုံဈေး ဘူတာကြား ၁ စင်း၊ မင်္ဂလာဒုံဈေးနဲ့ မင်္ဂလာဒုံဘူတာကြား ၁ စင်း၊ မင်္ဂလာဒုံနဲ့ ဝေဘာဂီ ဘူတာကြား ၁ စင်း၊ ဝေဘာဂီနဲ့ ဥက္ကလာ ဘူတာကြား ၁ စင်း၊ ဥက္ကလာနဲ့ ပုရွက်ဆိတ်ကုန်း ဘူတာကြား ၁ စင်း၊ ပုရွက်ဆိတ်ကုန်းနဲ့ ကျောက်ရေတွင်း ဘူတာကြားတွင် ၃ စင်း၊ ကျောက်ရေတွင်းနဲ့ တံတားကလေးဘူတာ ၂ စင်း၊ တံတားကလေးနဲ့ ရေကူးဘူတာကြား ၁ စင်း၊ ရေကူးနဲ့ ပါရမီဘူတာကြား ၁ စင်း၊ ပါရမီနဲ့ ကံဘဲ့ဘူတာကြား ၁ စင်း၊ ကံဘဲ့နဲ့ ဘောက်ထော်ဘူတာကြား ၂ စင်း၊ ဘောက်ထော်နဲ့ တာမွေ ဘူတာကြား ၂ စင်း၊ တာမွေနဲ့ မေတ္တာညွန့်ဘူတာကြား ၂ စင်း၊ မေတ္တာညွန့်နဲ့ မလွှကုန်းဘူတာကြား၂ စင်း၊ မလွှကုန်းနဲ့ ပုဇွန်တောင် ဘူတာကြား ၁ စင်းတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)