ပဲခူ႐ိုးမမွာ ေတာဆင္႐ိုင္းတစ္ေကာင္ အသတ္ခံရ

0
969

ပဲခူး႐ိုးမေတာင္ေပၚ ရဲႏြယ္သစ္ေတာႀကိဳးဝိုင္းထဲမွာ ေတာဆင္႐ိုင္းတစ္ေကာင္ တူမီးေသနတ္နဲ႔ ပစ္သတ္ခံထားရတာကို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က ေတြ႔ရွိခဲ့ပါတယ္။

ေသဆံုးေနတဲ့ ဆင္က ဟန္ကုတ္ဆင္ အမ်ိဳးအစား ျဖစ္ၿပီး အလ်ား ၈ ေပ ၇ လက္မ၊ လံုးပတ္ ၁၄ ေပ၊ အျမင့္ ၉ ေပနဲ႔ အသက္ ၃၀ အရြယ္ သစ္ခြံထုိးအစြယ္ရွိ ဆင္ထီး ျဖစ္ေၾကာင္း ေတြ႔ရွိရပါတယ္။ တူမီးေသနတ္ဒဏ္ရာက ယာဘက္ လည္ပင္းကို ေဖာက္ထြက္ၿပီး ေသဆံုးေနတာ ျဖစ္တယ္လုိ႔ ဆင္ဆရာဝန္ ေဒါက္တာ သိန္းစိုးက မွတ္ခ်က္ေပးပါတယ္။

ေသဆုံးဆင္ကို အခင္းျဖစ္တဲ့ ေနရာမွာပဲ ေတာအုပ္ႀကီး ဦးမင္းသူနဲ႔ အဖြဲ႕က မီးသၿဂႋဳဟ္ခဲ့ၿပီး ဆင္ကိုပစ္ခတ္ခဲ့တဲ့ ဆင္မုဆိုးေတြကို ဖမ္းဆီးရမိႏိုင္ေရး သစ္ေတာရဲတပ္ဖြဲ႔၊ ဖဒိုနယ္ေျမ ရဲစခန္းမွဴးနဲ႔ အဖြဲ႔၊ သစ္ေတာ ဝန္ထမ္းေတြက စံုစမ္းရွာေဖြ ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူရိုးမမှာ တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ

ပဲခူးရိုးမတောင်ပေါ် ရဲနွယ်သစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် တူမီးသေနတ်နဲ့ ပစ်သတ်ခံထားရတာကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

သေဆုံးနေတဲ့ ဆင်က ဟန်ကုတ်ဆင် အမျိုးအစား ဖြစ်ပြီး အလျား ၈ ပေ ၇ လက်မ၊ လုံးပတ် ၁၄ ပေ၊ အမြင့် ၉ ပေနဲ့ အသက် ၃၀ အရွယ် သစ်ခွံထိုးအစွယ်ရှိ ဆင်ထီး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တူမီးသေနတ်ဒဏ်ရာက ယာဘက် လည်ပင်းကို ဖောက်ထွက်ပြီး သေဆုံးနေတာ ဖြစ်တယ်လို့ ဆင်ဆရာဝန် ဒေါက်တာ သိန်းစိုးက မှတ်ချက်ပေးပါတယ်။

သေဆုံးဆင်ကို အခင်းဖြစ်တဲ့ နေရာမှာပဲ တောအုပ်ကြီး ဦးမင်းသူနဲ့ အဖွဲ့က မီးသင်္ဂြိုဟ်ခဲ့ပြီး ဆင်ကိုပစ်ခတ်ခဲ့တဲ့ ဆင်မုဆိုးတွေကို ဖမ်းဆီးရမိနိုင်ရေး သစ်တောရဲတပ်ဖွဲ့၊ ဖဒိုနယ်မြေ ရဲစခန်းမှူးနဲ့ အဖွဲ့၊ သစ်တော ဝန်ထမ်းတွေက စုံစမ်းရှာဖွေ နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)