အသက္ ၁၃ ႏွစ္အရြယ္ မယားပါသမီးကို မိခင္ေရွ႕မွာ ဓားျပၿပီး ၿခိမ္းေျခာက္ အဓမၼျပဳက်င့္

0
936

ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕နယ္၊ ပ်ံခ်ီတက္အုပ္စု၊ ေညာင္နီပင္ရြာမွာ ပေထြးျဖစ္သူဟာ အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးကို သူ႔မိခင္ေရွ႕မွာတင္ ၿခိမ္းေျခာက္ အဓမၼျပဳက်င့္လို႔ မိခင္ကိုယ္တိုင္ ရဲစခန္းမွာ လာေရာက္ တိုင္ၾကားခဲ့ပါတယ္။

ေဖေဖာ္၀ါရီ ၂၆ ရက္ေန႔ ည ၁၀ နာရီခန္႔က က်ဴးလြန္ခံရသူ မိန္းကေလးငယ္က မိခင္ျဖစ္သူနဲ႔အတူ ညအိပ္ရာဝင္ခ်ိန္ ပေထြးျဖစ္သူ ႏိုင္ႏိုင္စိုး (ခ) ဘီးခ်ဲက သူ႔ေဘးမွာ လာအိပ္ဖို႔ ေျပာဆိုခဲ့ရာ အရက္မူးေနတဲ့အတြက္ သြားမအိပ္ဖို႔ မိခင္က ေျပာေပမယ့္ အတင္းေခၚေဆာင္သြားခဲ့ပါတယ္။

ည ၁၀ နာရီခဲြအခ်ိန္မွာ ႏိုင္ႏိုင္စိုး (၄၀ ႏွစ္) က သမီးျဖစ္သူကို အဓမၼျပဳက်င့္ေနတာ ေတြ႔ရတဲ့အတြက္ တားျမစ္ခဲ့ေပမယ့္ ဓားနဲ႔ ထိုးမယ္ဆိုၿပီး ၿခိမ္းေျခာက္ကာ ဆက္လက္ အဓမၼျပဳက်င့္ခဲ့တဲ့အတြက္ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ မိခင္က ရဲစခန္းကို လာေရာက္ တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ႏိုင္စိုးကို မွတ္တိုင္ရဲစခန္းမွာ ဖမ္းဆီးၿပီး အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် ၁၃ နှစ်အရွယ် မယားပါသမီးကို မိခင်ရှေ့မှာ ဓားပြပြီး ခြိမ်းခြောက် အဓမ္မပြုကျင့်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပျံချီတက်အုပ်စု၊ ညောင်နီပင်ရွာမှာ ပထွေးဖြစ်သူဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို သူ့မိခင်ရှေ့မှာတင် ခြိမ်းခြောက် အဓမ္မပြုကျင့်လို့ မိခင်ကိုယ်တိုင် ရဲစခန်းမှာ လာရောက် တိုင်ကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၁၀ နာရီခန့်က ကျူးလွန်ခံရသူ မိန်းကလေးငယ်က မိခင်ဖြစ်သူနဲ့အတူ ညအိပ်ရာဝင်ချိန် ပထွေးဖြစ်သူ နိုင်နိုင်စိုး (ခ) ဘီးချဲက သူ့ဘေးမှာ လာအိပ်ဖို့ ပြောဆိုခဲ့ရာ အရက်မူးနေတဲ့အတွက် သွားမအိပ်ဖို့ မိခင်က ပြောပေမယ့် အတင်းခေါ်ဆောင်သွားခဲ့ပါတယ်။

ည ၁၀ နာရီခွဲအချိန်မှာ နိုင်နိုင်စိုး (၄၀ နှစ်) က သမီးဖြစ်သူကို အဓမ္မပြုကျင့်နေတာ တွေ့ရတဲ့အတွက် တားမြစ်ခဲ့ပေမယ့် ဓားနဲ့ ထိုးမယ်ဆိုပြီး ခြိမ်းခြောက်ကာ ဆက်လက် အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မိခင်က ရဲစခန်းကို လာရောက် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်နိုင်စိုးကို မှတ်တိုင်ရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)