ရခိုင္ျပည္နယ္အေရး တခ်ိဳ႕ ႏိုင္ငံတကာ မီဒီယာေတြ မွားယြင္းေဖာ္ျပတယ္လို႔ ျပန္ၾကားေရး ဒု ဝန္ႀကီးေျပာ

0
904

ရခိုင္ျပည္နယ္ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တခ်ိဳ႕ ႏိုင္ငံတကာ မီဒီယာေတြက မွားယြင္း ေဖာ္ျပေနၾကတယ္လို႔ ျပန္ၾကားေရး ဒုတိယ ဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာပါတယ္။

မေန႔က ေဖေဖာ္၀ါရီလ ၂၇ ရက္ေန႔ ေနျပည္ေတာ္ ျပန္ၾကားေရး ဝန္ႀကီးဌာနမွာ ရခိုင္ျဖစ္စဥ္နဲ႔ ပက္သက္လို႔ လာေရာက္ေမးျမန္းခဲ့တဲ့ ဒိန္းမတ္ သတင္းစာဆရာနဲ႔ ကူဝိတ္ႏုိင္ငံက သတင္းစာဆရာေတြကို ဒု ဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အၾကမ္းဖက္ တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး အေျခအေနမွန္ေတြနဲ႔ လက္ရွိ ေဆာင္ရြက္ေပးေနမႈ၊ ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈ၊ အခ်ိဳ႕ ႏိုင္ငံတကာ သတင္းမီဒီယာေတြဟာ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္ၿပီး မဟုတ္မမွန္ ေရးသားေဖာ္ျပခ်က္ေတြနဲ႔ ကုလသမဂၢ အပါအဝင္ တစ္ခ်ိဳ႕ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြရဲ႕ ျမန္မာႏိုင္ငံေပၚ ဖိအားေပး ေဆာင္ရြက္ေနမႈေတြကို ေဆြးေႏြးခဲ့ပါတယ္။

ရခိုင္ျပည္နယ္ ျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး ဒိန္းမတ္ သတင္းစာဆရာ ကလပ္စ္ ဘေလာ့ခ္ သြမ္မဆင္နဲ႔ ကူဝိတ္သတင္းစာရဲ႕ ဒုတိယ အမႈေဆာင္ အယ္ဒီတာခ်ဳပ္ ဂ်ာဗာအစ္ အာမက္တုိ႔က ဒု ဝန္ႀကီး ဦးေအာင္လွထြန္းကို လာေရာက္ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေး တချို့ နိုင်ငံတကာ မီဒီယာတွေ မှားယွင်းဖော်ပြတယ်လို့ ပြန်ကြားရေး ဒု ဝန်ကြီးပြော

ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်ချို့ နိုင်ငံတကာ မီဒီယာတွေက မှားယွင်း ဖော်ပြနေကြတယ်လို့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနမှာ ရခိုင်ဖြစ်စဉ်နဲ့ ပက်သက်လို့ လာရောက်မေးမြန်းခဲ့တဲ့ ဒိန်းမတ် သတင်းစာဆရာနဲ့ ကူဝိတ်နိုင်ငံက သတင်းစာဆရာတွေကို ဒု ဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြေအနေမှန်တွေနဲ့ လက်ရှိ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အချို့ နိုင်ငံတကာ သတင်းမီဒီယာတွေဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြချက်တွေနဲ့ ကုလသမဂ္ဂ အပါအဝင် တစ်ချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံပေါ် ဖိအားပေး ဆောင်ရွက်နေမှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒိန်းမတ် သတင်းစာဆရာ ကလပ်စ် ဘလော့ခ် သွမ်မဆင်နဲ့ ကူဝိတ်သတင်းစာရဲ့ ဒုတိယ အမှုဆောင် အယ်ဒီတာချုပ် ဂျာဗာအစ် အာမက်တို့က ဒု ဝန်ကြီး ဦးအောင်လှထွန်းကို လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)