အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ပညာေပး အစီအစဥ္ေတြ ႐ိုက္ကူး ထုတ္လႊင့္မယ္

0
882

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးအတြက္ ပညာေပးအစီအစဥ္ေတြ ႐ိုက္ကူးထုတ္လႊင့္ႏိုင္ဖို႔ ညႇိႏိႈင္းေဆြးေႏြး ပြဲကိုလာမယ့္ မတ္လ ၅ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕ သိမ္ျဖဴလမ္းမွာရွိတဲ့ ပံုႏွိပ္ေရးနဲ႔ ထုတ္ေဝေရးဦးစီးဌာနမွာ က်င္းပမွာ ျဖစ္ပါတယ္။

ေက်ာင္းသား လူငယ္ေတြ အၾကားမွာ ငယ္စဥ္ေက်ာင္းသား ဘဝကေန စတင္ၿပီးေတာ့ တိုင္းျပည္ကို အနာဂတ္မွာ ဦးေဆာင္ႏိုင္မယ့္ လူငယ္ေတြ ျဖစ္လာတဲ့အထိ ကာလအတြင္းမွာ အဂတိလိုက္စားမႈကို ပေပ်ာက္ေအာင္၊ မုန္းတီးသြားေအာင္ ပညာေပးဖို႔ လိုအပ္ေၾကာင္းနဲ႔ ငယ္ရြယ္စဥ္ကတည္းက အဂတိလိုက္စားမႈကို အားေပးတတ္တဲ့ စိတ္ေတြ ပေပ်ာက္ဖို႔အတြက္ အခုလို ပညာေပး အစီအစဥ္ေတြ ႐ိုက္ကူးထုတ္လြင့္မွာ ျဖစ္တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္အဖြဲ႔ဝင္ ျပန္ၾကားေရး လုပ္ငန္းေကာ္မတီကအဖြဲ႔ ေခါင္းေဆာင္ ဦးဟန္ညြန္႔က ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေး အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်မယ်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ပညာပေးအစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်နိုင်ဖို့ ညှိနှိုင်းဆွေးနွေး ပွဲကိုလာမယ့် မတ်လ ၅ ရက်နေ့၊ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဦးစီးဌာနမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ကျောင်းသား လူငယ်တွေ အကြားမှာ ငယ်စဉ်ကျောင်းသား ဘဝကနေ စတင်ပြီးတော့ တိုင်းပြည်ကို အနာဂတ်မှာ ဦးဆောင်နိုင်မယ့် လူငယ်တွေ ဖြစ်လာတဲ့အထိ ကာလအတွင်းမှာ အဂတိလိုက်စားမှုကို ပပျောက်အောင်၊ မုန်းတီးသွားအောင် ပညာပေးဖို့ လိုအပ်ကြောင်းနဲ့ ငယ်ရွယ်စဉ်ကတည်းက အဂတိလိုက်စားမှုကို အားပေးတတ်တဲ့ စိတ်တွေ ပပျောက်ဖို့အတွက် အခုလို ပညာပေး အစီအစဉ်တွေ ရိုက်ကူးထုတ်လွင့်မှာ ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေး လုပ်ငန်းကော်မတီကအဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)