
0
1255



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကချင်ပြည်နယ်မှာ ခြင်ထောင်ထဲ လက်လုပ်မိုင်း တပ်ဆင်စဉ် ပေါက်ကွဲ သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် မန္နက်ကျေးရွာမှာ အမျိုးသားတစ်ဦးဟာ နေအိမ်အတွင်း ခြင်ထောင်ထဲမှာ လက်လုပ်မိုင်း တစ်လုံး တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အောင်ခမ်းဇော်အောင်ဟာ နေအိမ် ခြင်ထောင်ထဲကို လက်လုပ်မိုင်းတစ်လုံး ခိုးသွင်းခဲ့ပြီး လက်လုပ်မိုင်းကို အသက်သွင်းဖို့ ပြင်ဆင်နေချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် မိုင်းစတွေ ထိမှန်ခဲ့ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)