အဖမ္းခံရတဲ့ သတင္းေထာက္ေတြကိစၥ စိုးရိမ္ေၾကာင္း ကေနဒါ ႏိုင္ငံျခားေရး ဝန္ႀကီး ေျပာ

0
924

အဖမ္းခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ႏွစ္ေယာက္အေရးနဲ႔ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးစုရွင္းလင္းေရးတို႔ကို အလြန္စိုးရိမ္မိတယ္လို႔ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီး ခရစၥတီယာ ဖရီးလန္းက ေျပာပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ မေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္က က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ ႏိုင္ငံျခားေရးဝန္ႀကီး ခရစၥတီယာ ဖရီးလန္းက ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္မွန္တဲ့ ဒီမိုကေရစီ ထြန္းကားဖို႔ သတင္းလြတ္လပ္ခြင့္ အပါအဝင္ အေျခခံ လြတ္လပ္ခြင့္ေတြအေပၚ ေလးစားရပါမယ္၊ ဒါေၾကာင့္ ရခိုင္ျပည္နယ္က ရာဇဝတ္မႈေတြအေၾကာင္း သတင္း ေရးသားေဖာ္ျပရဲတဲ့ ႐ိုက္တာ သတင္းေထာက္ႏွစ္ေယာက္ ဖမ္းဆီးအက်ဥ္းခ် ခံထားရတဲ့အေပၚ အလြန္ စိုးရိမ္မိတယ္လို႔ သူက ေျပာသြားပါတယ္။

ဝန္ႀကီး ခရစၥတီယာ ဖရီးလန္းဟာ သြန္ပဆင္ ႐ိုက္တာ ဒစ္ဂ်စ္တယ္ရဲ႕ အယ္ဒီတာေဟာင္း တစ္ဦးလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖမ်းခံရတဲ့ သတင်းထောက်တွေကိစ္စ စိုးရိမ်ကြောင်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ပြော

အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်အရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုရှင်းလင်းရေးတို့ကို အလွန်စိုးရိမ်မိတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းက ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ သတင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေအပေါ် လေးစားရပါမယ်၊ ဒါကြောင့် ရခိုင်ပြည်နယ်က ရာဇဝတ်မှုတွေအကြောင်း သတင်း ရေးသားဖော်ပြရဲတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက် ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့အပေါ် အလွန် စိုးရိမ်မိတယ်လို့ သူက ပြောသွားပါတယ်။

ဝန်ကြီး ခရစ္စတီယာ ဖရီးလန်းဟာ သွန်ပဆင် ရိုက်တာ ဒစ်ဂျစ်တယ်ရဲ့ အယ်ဒီတာဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)