ၿဗိတိသွ် ပါလီမန္ ကိုယ္စားလွယ္အဖြဲ႕ကို ျမန္မာသံ႐ံုးက ဗီဇာ ျငင္းပယ္

0
930

ၿဗိတိသွ် ပါလီမန္ ကိုယ္စားလွယ္အဖြဲ႕ကို လန္ဒန္ရွိ ျမန္မာသံ႐ံုးက ဗီဇာ ထုတ္မေပးဘူးလို႔ ကိုယ္စားလွယ္အဖြဲ႔က မေန႔က ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ ေျပာပါတယ္။

ျမန္မာႏိုင္ငံကို ခရီးသြားမယ့္ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးေရး ေကာ္မတီကို ျမန္မာသံ႐ံုးက ဗီဇာထုတ္ေပးဖို႔ ပ်က္ကြက္ခဲ့ပါတယ္လို႔ ကိုယ္စားလွယ္ အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားေၾကာင္း ဘဲလ္ဖတ္စ္ တယ္လီဂရပ္ဖ္ သတင္းမွာ ေရးသားထားပါတယ္။

ႏိုင္ငံတကာ ဖြံ႔ၿဖိဳးေရးဌာနက ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံမွာ ေလ့လာစံုစမ္းမႈေတြလုပ္ဖို႔ အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါတီစံုကလူေတြ ပါဝင္တဲ့ ပါလီမန္ ေကာ္မတီကို ေစလႊတ္ဖို႔ စီစဥ္တာ ျဖစ္ပါတယ္။

အလြန္ပဲ စိတ္ပ်က္မိပါတယ္၊ (႐ိုဟင္ဂ်ာ) မြတ္စလင္ေတြနဲ႔ ပတ္သက္လို႔ အစီရင္ခံစာမ်ာ တိုက္႐ိုက္ အက်ိဳးဆက္အျဖစ္ ေကာက္ခ်က္ခ်မယ့္ကိစၥကေနေတာ့ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူးလို႔ ေလဘာပါတီ အမတ္ စတီဖင္ တြစ္ဂ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိသျှ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာသံရုံးက ဗီဇာ ငြင်းပယ်

ဗြိတိသျှ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်ရှိ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးဘူးလို့ ကိုယ်စားလှယ်အဖွဲ့က မနေ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံကို ခရီးသွားမယ့် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီကို မြန်မာသံရုံးက ဗီဇာထုတ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်လို့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း ဘဲလ်ဖတ်စ် တယ်လီဂရပ်ဖ် သတင်းမှာ ရေးသားထားပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ လေ့လာစုံစမ်းမှုတွေလုပ်ဖို့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါတီစုံကလူတွေ ပါဝင်တဲ့ ပါလီမန် ကော်မတီကို စေလွှတ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။

အလွန်ပဲ စိတ်ပျက်မိပါတယ်၊ (ရိုဟင်ဂျာ) မွတ်စလင်တွေနဲ့ ပတ်သက်လို့ အစီရင်ခံစာမျာ တိုက်ရိုက် အကျိုးဆက်အဖြစ် ကောက်ချက်ချမယ့်ကိစ္စကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူးလို့ လေဘာပါတီ အမတ် စတီဖင် တွစ်ဂ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)