နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ ၄ ဦး နယ္ကြ်ံလာတယ္လို႔ ဘဂၤလားေဒ့ရွ္ ေျပာ

0
945

ျမန္မာနယ္ျခားေစာင့္ တပ္ဖြဲ႔ဝင္ ၄ ဦးဟာ ဘဂၤလားေဒ့ရွ္ ပိုင္နက္ တကၠနက္ဖ္ထဲမွာ ေရာက္ရွိလွည့္လည္ေနလို႔ ေခၚယူေဆြးေႏြးၿပီးေနာက္ ျပန္ပို႔လိုက္တယ္လို႔ ဘဂၤလားေဒ့ရွ္ဘက္က ေျပာပါတယ္။

တစ္ဦးက အရာရွိျဖစ္ပံုရတဲ့ အဖြဲ႔ဝင္ ၄ ဦးကို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က အြန္ခ်ိပရမ္ရွိ နယ္ျခားကမ္းေျခမွာ ေတြ႔ရွိခဲ့တာ ျဖစ္တယ္လို႔ ဒါက ထရီဗ်ဴးက ေဖာ္ျပပါတယ္။ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က သူတို႔ကို ေခၚယူၿပီး အြန္ခ်ီပရမ္ အျပင္ဘက္ကို ျပန္လည္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

နယ္ျခားကို မွားယြင္းေက်ာ္ဝင္မိတာ ျဖစ္တယ္လို႔ ျမန္မာနယ္ျခားေစာင့္တပ္က ေျပာဆိုၿပီးေနာက္ လက္နက္ေတြကိုလည္း ျမန္မာဘက္ကို ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က ျပန္လည္ ေပးအပ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က တစ္စံုတစ္ရာ မွတ္ခ်က္ေပးျခင္းေတာ့ မရွိဘူးလို႔ ဒါက ထရီဗ်ဴးမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦး နယ်ကျွံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက် တက္ကနက်ဖ်ထဲမှာ ရောက်ရှိလှည့်လည်နေလို့ ခေါ်ယူဆွေးနွေးပြီးနောက် ပြန်ပို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

တစ်ဦးက အရာရှိဖြစ်ပုံရတဲ့ အဖွဲ့ဝင် ၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က အွန်ချိပရမ်ရှိ နယ်ခြားကမ်းခြေမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဒါက ထရီဗျူးက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က သူတို့ကို ခေါ်ယူပြီး အွန်ချီပရမ် အပြင်ဘက်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

နယ်ခြားကို မှားယွင်းကျော်ဝင်မိတာ ဖြစ်တယ်လို့ မြန်မာနယ်ခြားစောင့်တပ်က ပြောဆိုပြီးနောက် လက်နက်တွေကိုလည်း မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းတော့ မရှိဘူးလို့ ဒါက ထရီဗျူးမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)