
0
950




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မီးလောင်ဒဏ်ရာရ ကလေးငယ်ကို ထိုင်ဝမ်မှာ အခမဲ့ ခွဲစိတ်ကုသပေးမယ်

မြန်မာနိုင်ငံမှာ မီးလောင်ဒဏ်ရာရပြီး လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ မိန်းကလေးငယ်ဟာ ခွဲစိတ်ကုသမှု ခံယူဖို့ ထိုင်ဝမ်နိုင်ငံကို ရောက်ရှိလာပါတယ်။

ပုဂံက အသက် ၂ နှစ်ရွယ် မိန်းကလေးဟာ သစ်ရွက်တွေ မီးရှို့ထားတဲ့ မီးပုံအကြွင်းအကျန်ကို နင်းမိပြီး ခြေဖဝါးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ကာ ခွဲစိတ်ကုသဖို့ မတတ်နိုင်ခဲ့ပါဘူး။ လာမယ့် သီတင်းပတ်တွေအတွင်း လင်ကူးချန်ဂွန် အောက်မေ့ဖွယ် ဆေးရုံမှာ အခမဲ့ ခွဲစိတ်ပေးမယ် ဖြစ်တယ်လို့ ထိုင်ဝမ်နယူးစ်က ဖော်ပြပါတယ်။

မနှစ်က နိုဝင်ဘာမှာ ထိုင်ဝမ် ခရစ်ယာန် သာသနာပြုအဖွဲ့ မြန်မာနိုင်ငံကို အခမဲ့ လာရောက် ဆေးကုသပေးစဉ် ကလေးငယ်ကို ခွဲစိတ်ကုသပေးဖို့ မိခင်ဖြစ်သူက အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)