ဘန်ကောက်မှာ စမွန်းအီး သွားတိုက်ဆေးထုတ်လုပ်တဲ့ မြန်မာအလုပ်သမား(၁၀၀)ကျော်ဆန္ဒပြ

0
312

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွန်းအီး သွားတိုက်ဆေးထုတ်လုပ်တဲ့ မြန်မာအလုပ်သမား(၁၀၀)ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနစ်နာခဲ့တဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ မနက်အေစာပိုင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအရေးကို ဆောင်ရွက်နေတဲ့AAC(မဟာမိတ်)အဖွဲ့ဝင်ဖြစ်တဲ့ ကိုရဲမင်းက MCN သတင်းဌာနကို ပြောပါတယ်။

ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင်ဘက်နဲ့ ထိုင်းလူမျိုးမန်နေဂျာတစ်ယောက် အလုပ်သမားတွေအပေါ် ပါးရိုက်တာတွေမျိုး လုပ်ငန်းခွင်ထဲရော အလုပ်ပြင်ပမှာပါ အနိုင်ကျင့်ဆော်ကားတာတွေ ရှိနေတယ်လို့ AAC(မဟာမိတ်)အဖွဲ့ဝင်ဖြစ်တဲ့ ကိုရဲမင်းက ပြောပါတယ်။

အဲဒီစက်ရုံဟာဆိုရင် ဘန်ကောက်မြို့ မြဘုရားအနီး၊စွယ်ပလုံ ၂၂ လမ်း၊ ဆနန်းမလွှမ်နယ်မြေထဲမှာရှိနေပြီး နှစ်နိုင်ငံသဘောတူ တရားလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)