NLD ပါတီဝင် ကိုယ်စားလှယ်ထောက်ခံမှုကြောင့် သူရဦးရွှေမန်းရဲ့ ကော်မရှင် သက်တမ်းတိုး

0
299

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့ကြားက NLD ပါတီက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ကော်မရှင်ဟာ သက်တမ်း တိုးမြင့်သွားပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ အဲ့ဒီကော်မရှင် သက်တမ်းတိုးမြှင့်ရေးအတွက် လွှတ်တော်တွင်း ဆွေးနွေးရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကန့်ကွက်ဆွေးနွေးခဲ့တာပါ။

ဒီအပေါ်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ၁၈၉ မဲနဲ့ ကြားနေမဲ ၆ မဲသာ ရရှိခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်တွေအပါအ၀င် ထောက်ခံသူ လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦး ရှိခဲ့တာကြောင့် ဦးရွှေမန်း ကော်မရှင်ကို လွှတ်တော်က သက်တမ်းတိုးမြှင့်ပေးလိုက်နိုင်တာပါ။

ဒီလိုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ဟောင်း) သူရ ဦးရွှေမန်း ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဟာ လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သက်တမ်းရှိနေဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)