ရှေးဟောင်းစာပေ၊ ပုရပိုက်တွေ လှူဒါန်းနိုင်တယ်လို့ ပုရပိုက်စုဆောင်းရေးအဖွဲ့ ဖိတ်ခေါ်

0
546

ရှေးဟောင်းစာပေ၊ ပုရပိုက်၊ လက်ရေးစာမူတွေ စုဆောင်းထားသူတွေအနေနဲ့ လှူဒါန်းနိုင်ကြောင်း အသစ်ဖွဲ့စည်းလိုက်တဲ့ ပေ၊ ပုရပိုက်စုဆောင်းထိန်းသိမ်းရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။

ဝါရင့် စာကြည့်တိုက်ပညာရှင် ဆရာကြီးဒေါက်တာသော်ကောင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး မြန်မာ့သမိုင်းအဖွဲ့ဝင်တွေနဲ့ အမျိုးသားစာကြည့်တိုက်က ပညာရှင်တွေကိုစုစည်းပြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ အဲ့ဒီအဖွဲ့ကို ဖွဲ့စည်းပေးထားတာပါ။

ဒါ့အပြင် အဖွဲ့ကို ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းသူတွေ အနေနဲ့ စနစ်တကျထိန်းသိမ်းဖို့နဲ့ ပြုပြင်ထိန်းသိမ်းတာတွေ၊ စာရင်းပြုစုတာတွေကို ဆောင်ရွက်လိုကြရင်လည်း ဆက်သွယ်နိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)