ဥပဒေအရာရှိတွေ အဂတိတရားကင်းရှင်းပြီး ဝန်ထမ်းကောင်းပီသဖို့ ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

0
280

ဥပဒေအရာရှိတွေ အဂတိတရားကင်းရှင်းစွာနဲ့ ဝန်ထမ်းကောင်းပီသစွာ ပြုမူနေထိုင်ကြဖို့ ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၈ က ပြုလုပ်တဲ့ ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၂၈) ဖွင့်ပွဲ အခမ်းအနားမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားရုံးတွေနဲ့အတူ ဥပဒေရုံးတွေနဲ့ တရားစွဲအဖွဲ့အစည်းတွေမှာ တာဝန်ရှိပြီး အမှုတွေ မကြန့်ကြာစေအောင် ဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ မွမ်းမံသင်တန်းမှာတော့ UNDP ၊ JICA နဲ့ Denmark (ICJ) စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပညာရှင်တွေက တရားစွဲနဲ့ အမှုလိုက်ဆိုင်ရာ လုပ်ငန်းတွေ၊ ဝန်ထမ်းရေးရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ၊ ဥပဒေအရာရှိ ကျင့်ဝတ်နဲ့ Case Management စတဲ့ ဥပဒေရေးရာလုပ်ငန်းတွေကို ပို့ချဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီ မွမ်းမံသင်တန်းကို့  ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးချုပ်တွေ အပါအ၀င် အရာထမ်း အမှုထမ်းဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)