မြန်မာနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဖို့ ဆွေးနွေး

0
291

မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ပိုမိုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ပြည်ထောင်ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးကျော်မျိုးနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)