ပဲခူးမြို့ နန်းတော်ရာရပ်ကွက်မှာ 11KV ဓာတ်အားလိုင်းကြိုးတွေ သွယ်တန်းပြီး ဓာတ်အားဖြန့်ဖြူး

0
260

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ 11KV ဓာတ်အားလိုင်းတွေ သွယ်တန်းပြီး ဓာတ်အားဖြန့်ဖြူးပေးနေပြီ ဖြစ်ပါတယ်။

11KV ဓာတ်အားလိုင်းကြိုးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနက နန်းတော်ရာရပ်ကွက်အတွင်း သွယ်တန်းတပ်ဆင်ပေးခဲ့တာပါ။

ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထိန်ဝင်းဦးဆောင်တဲ့ ဝန်ထမ်းတွေဟာ တိုင်းဒေသကြီးအစိုးရရဲ့၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ပုံငွေနဲ ပဲခူးမြို့ပေါ်မှာ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ဖို့ 200KVA ထရန်စဖော်မာ လေးလုံးတိုးချဲ့တပ်ဆင်ပေးပြီး 11 KV ဓာတ်အားလိုင်းကြိုးတွေလည်း သွယ်တန်းပေးကာ ကွန်ကရစ်ဓာတ်တိုင်တွေလည်း စိုက်ထူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ကျွန်းသာယာရပ်ကွက်၊ မဟာမြိုင်လမ်းထိပ်က ထရန်စဖော်မာနဲ့ နန်းတော်ရာရပ်ကွက် အလင်းရောင်ဈေးအနီးက ထရန်စဖော်မာတွေကြောင့် ဓာတ်အားပို့လွှတ် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းတော်ရာရပ်ကွက်၊ ဥဿာသိင်္ဂီစာသင်တိုက်အနီးက ထရန်စဖော်မာကို ဓာတ်အားပို့လွှတ်နိုင်ဖို့ 11KV ဓာတ်အားလိုင်းကြိုးသွယ်တန်းတပ်ဆင်နေပါတယ်။

 

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)