၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဆောင်တဲ့ အနုပညာရှင် ၁၉ ဦးစာရင်း ထုတ်ပြန်

0
312

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခွန်ဆောင်ခဲ့တဲ့ အနုပညာရှင် ၁၉ ဦးကို ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အနုပညာရှင်တွေထဲမှာ ပြေတီဦး၊ နေတိုး၊ ဖွေးဖွေးနဲ့ ခန့်စည်သူတို့က ကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ အထိ အခွန်ဆောင်ပြီး အများဆုံး အခွန်ဆောင်ထားသူတွေ ဖြစ်ပါတယ်။

ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထိ အခွန်ဆောင်သူ နှစ်ဦးကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇေရဲထက်တို့ဖြစ်ပြီး ကျပ် သုံးသိန်းကနေ ၁၀ သိန်းအထိ အခွန်ဆောင်သူငါးဦးက ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချစ်သုဝေ၊ မေသန်းနု၊ နေမင်းတို့ ဖြစ်ကာ ကျပ် တစ်သိန်းကနေ သုံးသိန်းအထိ အခွန်ဆောင်သူ ငါးဦးကတော့ နေမျိုးအောင်၊ ချစ်စနိုးဦး၊ ရန်အောင်၊ ဝါဝါအောင်၊ နေထူးနိုင်တို့ ဖြစ်ကြပါတယ်။

ဂွမ်းပုံကြီး၊ အရိုင်းနဲ့ ဦးဝင်းမြိုင်တို့ သုံးဦးကတော့ ကျပ်တစ်သိန်းအောက် အခွန်ဆောင်သူတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးမှူးရုံးက ထုတ်ပြန်တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မကုန်ခင် အခွန်ဆောင်ထားတဲ့ အနုပညာရှင်တွေ စာရင်းထဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းတော့ ပါဝင်တာ မတွေ့ရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)