ဥက္ကလာပ စေတီတော်အနီးက အဆောက်အဦးတွေကို အမြင့်ဆုံး ၉၆ အထိပဲ ခွင့်ပြုထား

0
297

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ဥက္ကလာပစေတီတော်အနီးပတ်ဝန်းကျင်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးတွေကို အနိမ့်ဆုံး ၆၉ ပေကနေ အမြင့်ဆုံး ၉၆ ပေအထိ ပဲ ဆောက်လုပ်ခွင့်ပြုထားတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

သာသနာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်ဥက္ကလာပ မဲဆန္ဒနယ်က ဒေါက်တာစောနိုင်ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ခုလို ပြောကြားခဲ့တာပါ။

ဥက္ကလာပစေတီတော်ကြီးဟာ ဉာဏ်တော်အမြင့် ၁၀၈ ပေရှိပြီး စေတီတော်ရဲ့ပရဝုဏ်အနီးမှာ ဆာကူရာကုမ္ပဏီက ဆောက်လုပ်နေတဲ့ ၈ ထပ်ခွဲအဆောက်အဦးဟာ အမြင့် ၉၈ ပေ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကလာပ စေတီတော် ဂေါပကအဖွဲ့ရဲ့ တင်ပြချက်အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ သာသာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်စည်ပင်သာယာရေး ကော်မတီတို့ကို အသိပေးညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)