မော်လိုက်မြို့နယ်မှာ တရားမ၀င် တူးဖော်နေတဲ့ ကျောက်မီးသွေး ကုမ္ပဏီ တစ်ခုကို အရေးယူမယ်

0
306

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်မှာ တရားမ၀င် တူးဖော်နေတဲ့ ကျောက်မီးသွေး ကုမ္ပဏီတစ်ခုကို အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီးစီမံကိန်းနဲ့ ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ အခုလိုပြောဆိုခဲ့တာပါ။

အဲဒီမော်လိုက်မြို့နယ်မှာ တရားမ၀င် ကျောက်မီးသွေး တူးဖော်နေတဲ့ ကုမ္ပဏီဟာဆိုရင် မန္တလေးဖြန့်ချိရေး (ကံကောင်းခြင်းရတနာ) ကုမ္ပဏီက လာရောက်တူးဖော် နေတယ်လို့လည်း ပြောပါတယ်။

ကံကောင်းခြင်းရတနာ ကုမ္ပဏီဟာဆိုရင် ကျောက်မီသွေးတူးဖော်ခွင့် လိုင်စင်ရထားတာ မဟုတ်သေးဘဲ ကျောက်မီသွေး စမ်းသပ်ခွင့် ရရှိထားသေးတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

လောလောဆယ်မှာ ကျောက်မီသွေး တူးဖော်လုပ်ကိုင်နေတဲ့ ကံကောင်းခြင်း ရတနာကုမ္ပဏီ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထံမှာ လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)