ငဖာ(ခ) ဇော်ဇော်ကို မြောက်ဒဂုံမြို့နယ် တရားရုံးက ထောင်(၆)လ ချမှတ်

0
317

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ငဖာ(ခ)ဇော်ဇော်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရိုင်းစိုင်းစွာ ဆဲဆိုခဲ့တဲ့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ မြောက်ဒဂုံမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၆)လ ချမှတ်လိုက်ပါတယ်။

ငဖာ(ခ)ဇော်ဇော်ဟာ ၂၀၁၆ ခုနှစ်မှာ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံခဲ့ရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ဖေ့စ်ဘုတ် ပေါ်မှာ မိုက်ရိုင်းစွာ ဆဲဆိုရေးသားခဲ့တဲ့အတွက် နိုင်ငံ့အကြီးအကဲ တစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုအတွက် ဦနေမျိုးကျော် ဆိုသူက မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)