နှစ်နိုင်ငံသဘောတူ MOU စာချုပ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၈ ဦး အလုပ်ဖြုတ် ခံရ

0
265

ထိုင်းနိုင်ငံ ပကျွတ်ခရိုင်ထဲက နာနတ်သီးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား(၂၈) ဦးကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ထိုင်းလုပ်ငန်းရှင် ဘက်ကနေ အလုပ်ဖြုတ်လိုက်တယ်လို့ ရွှေ့ပြောင်းမြန်မာအရေးကို အကူအညီဆောင်ရွက်ပေးနေတဲ့ AAC (မဟာမိတ်) အဖွဲ့က ပြောပါတယ်။

အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား (၂၈) ဦးဟာဆိုရင် နှစ်နိုင်ငံသဘောတူ MOU စာချုပ်နဲ့စာချုပ်နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြပြီး ကနဦး ထိုင်းနိုင်ငံကို မသွားခင်က ချွန်ပူလီ အချိုရည် စက်ရုံမှာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ပကျွတ်ခရိုင်ထဲက နာနတ်သီးစက်ရုံကို ပြောင်းလဲ ပို့ဆောင်ခံခဲ့ရတယ်လို့ ရွှေ့ပြောင်းမြန်မာ အရေးကို အကူအညီ ဆောင်ရွက်ပေးနေတဲ့ AAC(မဟာမိတ်) အဖွဲ့ဝင်ဖြစ်တဲ့ ကိုရဲမင်းက ပြောပါတယ်။

မြန်မာအလုပ်သမား (၂၈) ဦးကို ထိုင်းလုပ်ငန်းရှင်ဘက်က လုပ်ခလစာငွေထဲကနေ ပြတ်တောက်တာတွ၊ အလုပ်သမားတွေကို ရိုက်နက်ခိုင်းစေ တာတွေနဲ့ အလုပ်သမားတွေ နေထိုင်တဲ့ အဆောင်ကနေ မောင်းထုတ်ခံရတွေ ရှိတယ်လို့လည်း ရွှေ့ပြောင်းမြန်မာအရေးကို အကူအညီဆောင်ရွက်ပေးနေတဲ့
AAC(မဟာမိတ်) အဖွဲ့ဝင်ဖြစ်တဲ့ ကိုရဲမင်းက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)