တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြောကြား

0
295

တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့အကျိုးစီးပွားဖြစ် လုပ်ဆောင်နေတဲ့ လုပ်ငန်းရပ်တွေ နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေ၊ မြေပေါ်မြေအောက်သယံဇာတ တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ၂၇ ရက်နေ့ မနက်ပိုင်းက တပ်မတော်အရာရှိကြီးတွေနဲ့ တွေ့ဆုံစဉ် အမှာ စကားပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွေ့အကြုံ မရှိသေးတာ ဒီမိုကရေစီစနစ်ရင့်ကျက်မှု မရှိသေးတာတွေကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အခက်အခဲတွေတွေ့ခဲ့ရတယ်လို့ ပြောကြားပါတယ်။၊

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးအပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဥပဒေအရ စောင့်ရှောက်ပေးကြရပြီး ဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေ လုံခြုံမှုအားနည်းတဲ့နေရာတွေမှာ တပ်မတော်က ပါဝင်လုပ်ဆောင်နေရတယ်လို့ ပြောကြားပါတယ်။

လက်ရှိအုပ်ချုပ်ရေးပိုင်းမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပီပြင်မှုရှိအောင် လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် ပထမ ငါးနှစ်သက်တမ်း ကာလ၊ ဒုတိယ သက်တမ်း ပထမနှစ်ကာလ တိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ထင်သလောက် ခရီးမပေါက်သေးတာကို တွေ့မြင်ရပြီး တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုတယ်လို့ ပြောကြားပါတယ်။

ဒါ့အပြင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ တပ်မတော်က အားသွန်ခွန်စိုက် ကူညီပေးဖို့နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောကြားပါတယ်။ ပါတီစုံ ဒီမိုကရေစီခေတ်မှာ ရွေးချယ်ခံအစိုးရတွေအနေနဲ့ မိမိပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီး အဲဒီအချက်တွေ မအောင်မြင်ပါက ပြည်သူက လက်ခံမှာမဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)