တရားမ၀င် သယ်ဆောင်လာတဲ့ နွား ရှစ်ကောင် ဖမ်းဆီးရမိ

0
314

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် သယ်ဆောင်လာတဲ့ နွား ရှစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီတရားမဝင် နွားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၈ နာရီကျော်က မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှစစ်ရေယာဉ်နဲ့ ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်နေချိန်မှာ အခုလိုဖမ်းဆီးရမိလိုက်တာပါ။

တပ်မတော် စစ်ရေယာဉ်ဟာ ပုသိမ်မြို့ရဲ့ တောင်ဘက်ရေမိုင် ၁၈ မိုင်ခန့်အကွာရှိ မြန်မာ့ရေပိုင်နက်အတွင်းမှာ မသင်္ကာဖွယ် လှေတစ်စင်းကိုတွေ့ရှိ စစ်ဆေးရာ တရားမ၀င်စက်လှေပေါ်မှ ဦးဇော်ထွေး(ဘ) ဦးပျော့၊ ဦးသန်းထွန်း(ဘ) ဦးသောင်းကျော်၊ ဦးရွှေဝင်း(ဘ) ဦးကြည်ဝင်းနဲ့ ဦးချစ်ကောင်း(ဘ)ဦးကြည်မြင့်တို့ကိုတရားမ၀င် သယ်ဆောင်လာတဲ့ နွားရှစ်ကောင်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)