ကံကြမ္မာ ဇာတ်ကားရိုက်ကူးနေတဲ့ အနုပညာရှင်တွေကို ကျင့်ဝတ်လိုက်နာဖို့ ပဒိုမန်းမန်း ပြောဆို

0
361

ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ကံကြမ္မာဇာတ်ကားရိုက်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ကျင့်ဝတ်လိုက်နာဖို့ (KNU) ရဲ့ တွဲဘက်အတွင်းရေးမှူး(၂) ဖြစ်တဲ့ ပဒိုမန်းမန်းပြောဆို လိုက်ပါတယ်။

(KNU)ဟာ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း (KNU)အဆောင်အယောင်တွေဖြစ်တဲ့ ကရင်အမျိုးသား အလံတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ရဲ့ ဘက်တံဆိပ်တွေကို တစ်စုံတစ်ရာ ခွင့်ပြုချက် တောင်ခံခြင်းမရှိဘဲ ရှပ်ရှင်ရိုက်ကူးရာမှာ အသုံးပြုနေတဲ့အတွက် အနုပညာ ဖန်တီးသူများ လိုက်နာရမည့် ကျင့်ဝတ်နှင့်လုံးဝ ကိုက်ညီမှုမရှိဘူးလို့ (KNU) ရဲ့ တွဲဘက်အတွင်းရေးမှူး (၂) ဖြစ်တဲ့ ပဒိုမန်းမန်းပြောပါတယ်။

အဲဒီကံကြမ္မာ ဇာတ်ကားမှာဆိုရင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြားမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာများ အပါအ၀င် ကရင်လက်နက်ကိုင် အဖွဲ့များကြားမှာ ဖြစ်ပေါ်နေတဲ့ မကျေလည်မှုများကို ဇာတ်လမ်းဆင် ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။

ကံကြမ္မာဇာတ်ကားကို ၀ါရင့်သရုပ်ဆောင်ဖြစ်တဲ့ ဇော်မှိုင်း အပါအ၀င် မင်းသားနေနော် စိုင်းသီဟနဲ့ သရုပ်ဆောင်အချို့ပါဝင်နေပြီး မြ၀တီနယ်ထဲက ဒေသခံတွေလည်း ပါဝင်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)