သမဂ္ဂအဆောက်အအုံသစ် ပြန်တည်ဆောက်ဖို့ ကျောင်းသားမျိုးဆက်တိုင်းရဲ့ သဘောဆန္ဒ ပါဝင်စေရမယ်လို့ ဦးဖြိုးမင်းသိန်း ပြောကြား

0
337

ကျောင်းသားသမဂ္ဂ အဆောက်အုံ ပြန်လည်တည်ဆောက်ဖို့အတွက် ကျောင်းသား မျိုးဆက်တိုင်းရဲ့ သဘောဆန္ဒတွေ ပါဝင်စေရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းတဲ့ အခမ်းနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကျောင်းသား သမဂ္ဂအဆောက်အုံ ပြန်လည်တည် ဆောက်တဲ့အခါမှာကျောင်းသားမျိုးဆက်တွေ အားလုံးရဲ့ အသံတွေ သဘောထား ဆန္ဒတွေ ပါဝင် ရမှာဖြစ်ပြီး အဲဒီအတွက် ကျောင်းသားမျိုးဆက်တွေနဲ့တွေ့ဆုံပြီး ဘုံတူညီမှုတစ်ရပ် ရယူကာ ရှေ့ဆက်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့အခမ်းနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်း က ဦးကိုကိုကြီးနဲ့ ကိုမြအေး တကသ ၊ဗကသ ကျောင်းသား လူငယ်တွေနဲ့ နိုင်ငံရေးပါတီ အသီးသီးတို့ တက်ရောက်ခဲ့ ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)