ဟဲဟိုးမြို့မှာ ကျပ်သိန်းပေါင်း ၆၀,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား တွေ ဖမ်းဆီးရမိ

0
288

ကျပ်သိန်းပေါင်း ၆၀,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၅ သိန်းကို ဟဲဟိုးမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဟဲ

အဲဒီ မူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့က ဖမ်းဆီးရမိ
လိုက်တာပါ။

တောင်ကြီး-မိတ္ထီလာကားလမ်း၊ ဟဲဟိုးမြို့အနီး၊ ဘဝသံသရာတံတား၊ မိုင်တိုင် အမှတ် (၉၈) မှာ တောင်ကြီးမြို့ဘက်မှ မိတ္ထီလာမြို့ဘက်ကို ယာဉ်မောင်း ကျော်ထွန်းလှိုင် မောင်းနှင်ပြီး စိုင်းသူရအောင် လိုက်ပါလာတဲ့ (၆) ဘီးမော်တော်ယာဉ်ကို ရှာဖွေရာမှ ယာဉ်နောက်ခန်းပေါ်ရှိ ဆာလာအိတ် ၃၁ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သိမ်းဆည်းရမိခဲ့တာပါ။

လက်ရှိမှာတော့ ကျော်ထွန်းလှိုင်(ခ) အငယ်လေး(၃၈)နှစ် နဲ့ စိုင်းသူရအောင်(ခ)အောင်ဘု (၃၂)နှစ် တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)