ဥပဒေနဲ့မညီတဲ့ နိုင်ငံသားကတ် ထုတ်ပေးနေမှုတွေကို ပြန်ရုတ်သိမ်းပေးဖို့ ဆန္ဒထုတ်ဖော်

0
265

မောင်တောမြို့ (ရခိုင်လူမှုကွန်ရက်)မှ ဦးစိန်လှဖြူ ဦးဆောင်တဲ့ ဒေသခံတိုင်းရင်း သား ၄ဝဝ က ဖေဖော်ဝါရီ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒပြကြတာ ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို မှန်မှန်ကန်ကန်စိစစ်ပေးဖို့၊ နိုင်ငံသားစိစစ်ရေးကော်မတီမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရရှိရေးနဲ့ ဥပဒေနဲ့မညီတဲ့ နိုင်ငံသား ကတ်ထုတ်ပေးနေတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အဲဒီဆန္ဒပြသူတွေဟာ မောင်တောအားကစားကွင်း တောင်ဘက်ပေါက်မှ အလောင်းဘုရားလမ်း၊ ဆွမ်းအုပ်လမ်းဆုံ လမ်း၊ ဦးဥတ္တမလမ်း အဲဒီကတစ်ဆင့် မူကြိုလမ်းဆုံ မြို့မဈေးမြောက်ဘက် မင်းချင်းပျံလမ်း သာသနာ့ဗိမာန်လမ်းဆုံ၊ မှတစ်ဆင့် မင်းဘာကြီးလမ်း လဝကရုံးရှေ့၊ မဟာကျော်လမ်း၊ မင်းဖလောင်းလမ်း၊သပြေလမ်း၊မင်းရဲကျော်စွာလမ်းအတိုင်း လှည့်လည် စီတန်းဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)