ကျပ်သိန်းနှစ်ထောင်ဖိုးရှိတဲ့ မော်တော်ဆိုင်ကယ် အစီး ၁၀၀ လွှဲပြောင်းပေးအပ်

0
316

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနဲ့ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်ဆန်စွာအသုံးပြုနိုင်ဖို့ မော်တော်ဆိုင်ကယ်အစီး ၁ဝဝ ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးးထံ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

ကျပ်သိန်းနှစ်ထောင်ဖိုးရှိတဲ့ အဲဒီဆိုက်ကယ်တွေကို Mother Trading Construction Co.Ltd မှ Avenger Cruise 220,2016 Model လှူဒါန်းလိုက်တာပါ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆိုင်ကယ်တွေနဲ့အတူ မြို့နယ်အလိုက် လုံခြုံရေးနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာ တော့ဆိုင်ကယ်အစီး ၁ဝဝ ကို အရှေ့ပိုင်း ခရိုင်အတွက် ၃၃ စီး၊ အနောက်ပိုင်းခရိုင် အတွက် အစီး ၃ဝ၊ တောင်ပိုင်းခရိုင် အတွက် ၁၄စီး၊ မြောက်ပိုင်းခရိုင်အတွက် ၁၉ စီးနှင့် တိုင်းရဲအကူတပ်ဖွဲ့အတွက် လေးစီးတို့ကို ဖြန့်ဝေတာဝန်ပေးထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)