တာဝန်ကိုမလေးစားရင် နိုင်ငံတိုးတက်မှာ မဟုတ်ဘူးလို့ အတိုင်ပင်ခံပြောကြား

0
172

အခွင့်အရေးကိုပဲကြည့်ပြီး တာဝန်ကိုမလေးစားရင် နိုင်ငံ တိုးတက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက တင်ဆက်ပေးထားပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ကျောင်းသားတချို့က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ မတ်တပ်ရပ်‌ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒပြ ကျောင်းသားတွေကို တင်ပြချင်တဲ့ ကိစ္စရပ်တွေရှိရင် ကိုယ့်နာမည်ကိုယ်ထိုးပြီး တင်ပြနိုင်တာ ဖြစ်ပြီး၊ အခုလိုအခမ်းအနားတွေမှာ အလွဲသုံးစား မလုပ်ကြဖို့နဲ့၊ အခွင့်အရေးကိုပဲကြည့်ပြီး တာဝန်ကိုမလေးစားပါက နိုင်ငံတိုးတက်နိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)

ဆန္ဒပြ ကျောင်းသားတွေက မတ်လ ကုန်အထိ စာမေးပွဲတိုးမြင့် စစ်ဆေးတဲ့ ကိစ္စနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသား သပိတ်ကိစ္စကို မဖြေရှင်းဘဲ အချိန်ဆွဲနေတဲ့ ကိစ္စတွေအပေါ် တောင်းဆိုတာ ဖြစ်တယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ပြောပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်သူတွေက ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေ ပါဝင်တာ ဖြစ်ပါတယ်။

Soundbite ကိုအောင်ပြည့်စုံဖြိုး (အတွင်းရေးမှူး) ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ



အခွင့်အရေးကိုပဲကြည့်ပြီး တာဝန်ကိုမလေးစားရင် နိုင်ငံ တိုးတက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားလိုက်ပါတယ်။  ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက တင်ဆက်ပေးထားပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ကျောင်းသားတချို့က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ မတ်တပ်ရပ်‌ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒပြ ကျောင်းသားတွေကို တင်ပြချင်တဲ့ ကိစ္စရပ်တွေရှိရင် ကိုယ့်နာမည်ကိုယ်ထိုးပြီး တင်ပြနိုင်တာ ဖြစ်ပြီး၊ အခုလိုအခမ်းအနားတွေမှာ အလွဲသုံးစား မလုပ်ကြဖို့နဲ့၊ အခွင့်အရေးကိုပဲကြည့်ပြီး တာဝန်ကိုမလေးစားပါက နိုင်ငံတိုးတက်နိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော်မှာ ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite   ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)

ဆန္ဒပြ ကျောင်းသားတွေက မတ်လ ကုန်အထိ စာမေးပွဲတိုးမြင့် စစ်ဆေးတဲ့ ကိစ္စနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသား သပိတ်ကိစ္စကို မဖြေရှင်းဘဲ အချိန်ဆွဲနေတဲ့ ကိစ္စတွေအပေါ် တောင်းဆိုတာ ဖြစ်တယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ပြောပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်သူတွေက ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေ ပါဝင်တာ ဖြစ်ပါတယ်။

Soundbite  ကိုအောင်ပြည့်စုံဖြိုး (အတွင်းရေးမှူး) ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ဆန္ဒပြ ကျောင်းသားတွေက သုတေသနမရှိတဲ့ အစမ်းသပ်ခံ ပညာရေးစနစ်အလိုမရှိ ၊မတ်လကုန်အထိ စာမေးပွဲစစ်တာနဲ့ နိုင်ငံစီးပွားရေးတက်နိုင်သလား၊ မန္တလေးတက္ကသိုလ် သပိတ် ချက်ချင်းဖြေရှင်းပေး စတဲ့ တောင်းဆိုချက်တွေကို ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)