မသန်စွမ်းကလေးငယ်တွေကို စိတ်ခွန်အားပေးတာက အကောင်းဆုံးပျိုးထောင်နည်းဖြစ်

0
42

မသန်စွမ်းကလေးငယ်တွေကို ရှင်သန်မှုစိတ်ခွန်အားတွေ ပေးတာက အကောင်းဆုံး ပြုစု ပျိုးထောင်နည်း ဖြစ်တယ်လို့ ပါမောက္ခ၊ဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ဖို့အတွက် မိဘတွေဟာ ကိုယ့်ရဲ့ မသန်စွမ်းသား၊ သမီးငယ်လေးတွေကို အပြင်လောကနဲ့ထိတွေ့ပေးဖို့လိုအပ်ပြီး ရှင်သန်မှုစိတ်ခွန်အားပေးပြီး ပျိုးထောင်ပေးဖို့က အဓိကကျတယ်လို့ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနရဲ့ပါမောက္ခ/ဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ပြောပါတယ်။

ဇန်နဝါရီလ ၂၅ နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ရန်ကုန်မြို့ ကျိုက်ဝိုင်း မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ ရှင်သန်လိုက်စမ်းပါ ၂၀၂၀ အနုပညာပြပွဲအလှူမှာ ပြောဆိုလိုက်တာပါ။

Sound Bite – ဒေါက်တာလဲ့လဲ့ဝင်း (ပါမောက္ခ/ဌာနမှူး) ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန

ဒါ့အပြင် မသန်စွမ်းကလေးငယ်တွေရဲ့ ပညာသင်ကြားမှုတွေကို ပြင်ပလောကနဲ့ ပိုမိုဆက်သွယ်မှုရှိနိုင်ဖို့ နိုင်ငံတော် အစိုးရက သင်ရိုးအသစ်တွေ တီထွင်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။


မသန်စွမ်းကလေးငယ်တွေကို စိတ်ခွန်အားပေးတာက အကောင်းဆုံးပျိုးထောင်နည်းဖြစ်

မသန်စွမ်းကလေးငယ်တွေကို ရှင်သန်မှုစိတ်ခွန်အားတွေ ပေးတာက အကောင်းဆုံး ပြုစု ပျိုးထောင်နည်း ဖြစ်တယ်လို့ ပါမောက္ခ၊ဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ဖို့အတွက် မိဘတွေဟာ ကိုယ့်ရဲ့ မသန်စွမ်းသား၊ သမီးငယ်လေးတွေကို အပြင်လောကနဲ့ထိတွေ့ပေးဖို့လိုအပ်ပြီး ရှင်သန်မှုစိတ်ခွန်အားပေးပြီး ပျိုးထောင်ပေးဖို့က အဓိကကျတယ်လို့ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနရဲ့ပါမောက္ခ/ဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ပြောပါတယ်။

ဇန်နဝါရီလ ၂၅ နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်ကြာ ရန်ကုန်မြို့ ကျိုက်ဝိုင်း မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ ရှင်သန်လိုက်စမ်းပါ ၂၀၂၀ အနုပညာပြပွဲအလှူမှာ ပြောဆိုလိုက်တာပါ။

Sound Bite – ဒေါက်တာလဲ့လဲ့ဝင်း (ပါမောက္ခ/ဌာနမှူး)  ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန

ဒါ့အပြင် မသန်စွမ်းကလေးငယ်တွေရဲ့ ပညာသင်ကြားမှုတွေကို ပြင်ပလောကနဲ့ ပိုမိုဆက်သွယ်မှုရှိနိုင်ဖို့ နိုင်ငံတော် အစိုးရက သင်ရိုးအသစ်တွေ တီထွင်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

Sound Bite – ဒေါက်တာလဲ့လဲ့ဝင်း (ပါမောက္ခ/ဌာနမှူး) ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန

ရှင်သန်လိုက်စမ်းပါ ၂၀၂၀ အနုပညာပြပွဲအလှူဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပန်းချီနဲ့ ဓာတ်ပုံအားလုံးပေါင်း ၇၅ ကားကိုရောင်းချသွားမှာဖြစ်ပြီး ရောင်းလို့ရရှိတဲ့ အလှူငွေ အားလုံးကို ကျိုက်ဝိုင်း မသန်စွမ်းသက်ငယ်သင်တန်းကျောင်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။