ဂျပန်နိုင်ငံကို တရားမဝင်လုပ်သား ခေါ်ယူနေတဲ့ ကုမ္ပဏီနှစ်ခု ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိ

0
73

ဂျပန်နိုင်ငံမှာ တရားမဝင် သွားရာက်လုပ်ကိုင်မယ့် လုပ်သားတွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဆေးခဲ့ရာမှတစ်ဆင့် တရားမဝင် လုပ်သားစေလွှတ်နေတဲ့ ဂျပန်ကုမ္ပဏီနှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ANA လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တွေကို လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့ရာ အမျိုးသား ခုနစ်ဦးပါအဖွဲ့နဲ့ အမျိုးသမီးနှစ်ဦးပါ အဖွဲ့တို့ဟာ ဂျပန်နိုင်ငံကို သွားရောက်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် လေဘာစမတ်ကတ် ပါ၊ မပါ စစ်ဆေးခဲ့ရာ အထောက်အထား ပြသနိုင်ခြင်း မရှိတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က သတင်းထုတ်ပြန်ထားပါတယ်။

မိန်းကလေးနှစ်ဦးကို ပို့ဆောင်မယ့်ကုမ္ပဏီက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ်က ဂျပန်စက်ရုံဖြစ်ပြီး စက်ရုံဝန်ထမ်းတွေကို ၂၀၁၆ ခုနှစ်က စတင်ပြီး အလုပ်သင်လုပ်သားဗီဇာနဲ့ ပို့ဆောင်ခဲ့ရာ ၁၂ ဦး စေလွှတ်ခဲ့ပြီး ဖြစ်တယ်လို့ စကားပြန်က ပြောပါတယ်။

တဈလကို လုပခြလစာ မှနမြာငှကပွြေ ၄ သိနြးခန့နြဲ့ တဈနှဈပှည့ပြှီး ဂပွနကြနေ ပှနလြညရြောကရြှိလာတဲ့ မှနမြာ လုပသြားတှဟော ၃ နှဈဆကတြိုကြ မုံရှာစကရြုံမှာ လုပခြလစာ တဈသိနြးလေးသောငြးခှဲနဲ့ လုပကြိုငပြေးရတယလြို့ သှားရောကလြုပကြိုငမြယ့ြ အမွိုးသမီးတှကေ ပှောပါတယြ။ လကရြှိမှာ တရားမဝငြ စလှေှတဖြို့ စီစဉခြဲ့တဲ့ ဂပွနကြုမျပဏီတှကေို စဈဆေးလွှကရြှိပှီး ထိထိရောကရြောကြ တရားစှဲဆိုနိုငဖြို့ ဆောငရြှှကနြတယေလြို့ ထုတပြှနခြကွမြှာ ဖောပြှထားပါတယြ။


ဂျပန်နိုင်ငံမှာ တရားမဝင် သွားရာက်လုပ်ကိုင်မယ့် လုပ်သားတွေကို  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဆေးခဲ့ရာမှတစ်ဆင့် တရားမဝင် လုပ်သားစေလွှတ်နေတဲ့ ဂျပန်ကုမ္ပဏီနှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ANA လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တွေကို  လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့ရာ အမျိုးသား ခုနစ်ဦးပါအဖွဲ့နဲ့ အမျိုးသမီးနှစ်ဦးပါ အဖွဲ့တို့ဟာ ဂျပန်နိုင်ငံကို သွားရောက်လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် လေဘာစမတ်ကတ် ပါ၊ မပါ စစ်ဆေးခဲ့ရာ အထောက်အထား ပြသနိုင်ခြင်း မရှိတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က သတင်းထုတ်ပြန်ထားပါတယ်။

မိန်းကလေးနှစ်ဦးကို ပို့ဆောင်မယ့်ကုမ္ပဏီက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ်က ဂျပန်စက်ရုံဖြစ်ပြီး စက်ရုံဝန်ထမ်းတွေကို ၂၀၁၆ ခုနှစ်က စတင်ပြီး အလုပ်သင်လုပ်သားဗီဇာနဲ့ ပို့ဆောင်ခဲ့ရာ ၁၂ ဦး စေလွှတ်ခဲ့ပြီး ဖြစ်တယ်လို့ စကားပြန်က ပြောပါတယ်။

တစ်လကို လုပ်ခလစာ မြန်မာငွေကျပ် ၄ သိန်းခန့်နဲ့ တစ်နှစ်ပြည့်ပြီး ဂျပန်ကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ လုပ်သားတွေဟာ ၃ နှစ်ဆက်တိုက် မုံရွာစက်ရုံမှာ လုပ်ခလစာ တစ်သိန်းလေးသောင်းခွဲနဲ့ လုပ်ကိုင်ပေးရတယ်လို့  သွားရောက်လုပ်ကိုင်မယ့် အမျိုးသမီးတွေက ပြောပါတယ်။ လက်ရှိမှာ တရားမဝင် စေလွှတ်ဖို့ စီစဉ်ခဲ့တဲ့ ဂျပန်ကုမ္ပဏီတွေကို စစ်ဆေးလျှက်ရှိပြီး ထိထိရောက်ရောက် တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။