မြန်မာနိုင်ငံရဲ့ ပထမဆုံးကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ် ထုတ်ဝေ

0
223

လူငယ်တွေအတွက် အကျိုးရှိစေမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို စတင်ထုတ်ဝေခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထား ပါတယ်။

အောင်မြင်တဲ့ ကျောင်းစာကြည့်တိုက်တွေ တည်ထောင်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေ ပေးနိုင်ပြီး ၂၁ ရာစုရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို ထုတ်ဝေခဲ့တယ်လို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အာရှဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်းပြီးထုတ်ဝေတဲ့ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ် မိတ်ဆက်တဲ့အခမ်းအနားမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ဒေါ်အဝင်း(ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

ဒါ့အပြင် လက်စွဲစာအုပ်တွေကို စာကြည့်တိုက်ရှိတဲ့ စာသင်ကျောင်းတွေအပြင် စာကြည့်တိုက်မရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပြင်ပစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း စာအုပ်တွေကို ပေးအပ်သွားမယ်လို့ ပြောပါတယ်။

Soundbite – ဒေါ်အဝင်း(ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း



လူငယ်တွေအတွက် အကျိုးရှိစေမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို စတင်ထုတ်ဝေခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထား ပါတယ်။

အောင်မြင်တဲ့ ကျောင်းစာကြည့်တိုက်တွေ တည်ထောင်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေ ပေးနိုင်ပြီး ၂၁ ရာစုရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို ထုတ်ဝေခဲ့တယ်လို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အာရှဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်းပြီးထုတ်ဝေတဲ့ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု လက်စွဲစာအုပ် မိတ်ဆက်တဲ့အခမ်းအနားမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ဒေါ်အဝင်း(ဥက္ကဋ္ဌ)

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

ဒါ့အပြင် လက်စွဲစာအုပ်တွေကို စာကြည့်တိုက်ရှိတဲ့ စာသင်ကျောင်းတွေအပြင် စာကြည့်တိုက်မရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပြင်ပစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း စာအုပ်တွေကို ပေးအပ်သွားမယ်လို့ ပြောပါတယ်။

Soundbite – ဒေါ်အဝင်း(ဥက္ကဋ္ဌ)

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

လက်စွဲစာအုပ်ကို ဖေဖော်ဝါရီလအတွင်း မန္တလေးတိုင်းဒေသကြီးမှာလည်း မိတ်ဆက်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး စာအုပ်လိုချင်တဲ့သူတွေအနေနဲ့ အာရှဖောင်ဒေးရှင်း ဝက်ဘ်ဆိုက်မှာလည်း Download ပြုလုပ်ပြီး ရယူနိုင်တယ်လို့ ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)