မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအနီး မိုင်းတွေ ဖော်ထုတ်တွေ့ရှိ

0
50

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာရဲ့ အရှေ့ဘက် မီတာ ၃၀၀ ခန့် အကွာမှာ မိုင်း ၁ လုံးပေါက်ကွဲသံ ကြားရလို့ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက အနီးနားရှိ စစ်ဘေးရှောင်စခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

အဲဒီစခန်းရဲ့ အနောက်မြောက်ဘက် မီတာ ၂၀ ခန့်အကွာ ကားလမ်းဘေးမှာ ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့ အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဒေသန္တရမိုင်း ၁ လုံးနဲ့ နင်းမိုင်းခလုတ် ၁ ခုတို့ကို တွေ့ရှိခဲ့လို့ စစ်ကြောင်းရှိ မိုင်းရှင်းလင်းရေးအဖွဲ့နဲ့ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပါတယ်။ မိုင်းတွေ့ရှိတဲ့ နေရာက တပ်မတော်စစ်ကြောင်းတွေနဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး AA အဖွဲ့က မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းတွေ ပြုလုပ်တဲ့ နေရာဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့က မိုင်းတွေ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ နေရာအနီးရှိ စစ်ဘေးရှောင်စခန်းကို လိုအပ်တဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စခန်းမှာ ရွတ်ဖျင်တဲ ၄၀ လုံးခန့်၊ သံဃာတော် ၃ ပါးနဲ့ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို ၂၅၀ ဦးခန့် နေထိုင်နေတာ ဖြစ်ပါတယ်။

စညှင်းရွာအနီးရှိ စစ်ဘေးရှောင်စခန်း နေရာတစ်ဝိုက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်း၊ မြေပြင်သတင်းများ ရရှိမှုအရ AA အဖွဲ့က ခိုအောင်း အခြေပြုနေတဲ့ စခန်းနေရာနဲ့ နီးကပ်စွာ တည်ရှိနေခြင်း၊ စစ်ဘေးရှောင် စခန်းကို AA အဖွဲ့က ရွာသားအသွင်နဲ့ ဝင်၊ ထွက်မှုတွေ ရှိနေတာတွေကြောင့် စစ်ဘေးရှောင်စခန်းရှိ သံဃာတော်တွေ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကှောင့ြ စဈဘေးရှောငစြခနြး နသေူတှကေို ဘေးကငြးရာ ပှောငြးရှှေ့ပေးနိုငရြေး ပှညနြယအြစိုးရကို အကှောငြးကှားထားပှီး သင့တြောတြဲ့နရောကို ရှှေ့ပှောငြးနိုငရြေးအတှကြ တာဝနရြှိသူတှကေ သံဃာတောတြှနေဲ့ စခနြးနသေူတှကေို သှားရောကရြှငြးလငြး ပှောကှားခဲ့ပှီး ရှှေ့ပှောငြးနိုငရြေး ကူညီဆောငရြှကပြေးသှားမှာ ဖှဈကှောငြး တပမြတောြ ကာကှယရြေး ဦးစီးခွုပရြုံးက သတငြး ထုတပြှနထြားပါတယြ။

မွပေုံမွို့နယျရှိ စဈဘေးရှောငျစခနျးအနီး မိုငျးတှေ ဖောျထုတျတှေ့ရှိ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာရဲ့ အရှေ့ဘက် မီတာ ၃၀၀ ခန့် အကွာမှာ မိုင်း ၁ လုံးပေါက်ကွဲသံ ကြားရလို့ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက အနီးနားရှိ စစ်ဘေးရှောင်စခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။   

အဲဒီစခန်းရဲ့  အနောက်မြောက်ဘက် မီတာ ၂၀ ခန့်အကွာ ကားလမ်းဘေးမှာ ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့  အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဒေသန္တရမိုင်း ၁ လုံးနဲ့ နင်းမိုင်းခလုတ် ၁ ခုတို့ကို တွေ့ရှိခဲ့လို့ စစ်ကြောင်းရှိ မိုင်းရှင်းလင်းရေးအဖွဲ့နဲ့ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပါတယ်။ မိုင်းတွေ့ရှိတဲ့ နေရာက တပ်မတော်စစ်ကြောင်းတွေနဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး AA အဖွဲ့က  မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းတွေ ပြုလုပ်တဲ့ နေရာဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့က မိုင်းတွေ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ နေရာအနီးရှိ စစ်ဘေးရှောင်စခန်းကို လိုအပ်တဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စခန်းမှာ ရွတ်ဖျင်တဲ ၄၀ လုံးခန့်၊ သံဃာတော် ၃ ပါးနဲ့ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို ၂၅၀ ဦးခန့် နေထိုင်နေတာ ဖြစ်ပါတယ်။ 

စညှင်းရွာအနီးရှိ စစ်ဘေးရှောင်စခန်း နေရာတစ်ဝိုက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်း၊ မြေပြင်သတင်းများ ရရှိမှုအရ AA အဖွဲ့က ခိုအောင်း အခြေပြုနေတဲ့ စခန်းနေရာနဲ့ နီးကပ်စွာ တည်ရှိနေခြင်း၊ စစ်ဘေးရှောင် စခန်းကို AA အဖွဲ့က ရွာသားအသွင်နဲ့ ဝင်၊ ထွက်မှုတွေ ရှိနေတာတွေကြောင့် စစ်ဘေးရှောင်စခန်းရှိ သံဃာတော်တွေ  ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်စခန်း နေသူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရကို  အကြောင်းကြားထားပြီး သင့်တော်တဲ့နေရာကို ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူတွေက သံဃာတော်တွေနဲ့ စခန်းနေသူတွေကို သွားရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ရွှေ့ပြောင်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။