မီးရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ မရောင်းချနိုင်သေးဘူးလို့ ဒုဝန်ကြီးပြော

0
26

မြန်မာ့မီးရထား အနေနဲ့ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မယ့် Network Server မရှိတဲ့အတွက် အွန်လိုင်းကနေ လက်မှတ်ရောင်းချမှုစနစ်ကို အသုံးမပြုနိုင်သေးဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ဒုတိယအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းလှမဲဆန္ဒနယ်က ဒေါက်တာ သန်းအောင်စိုးက မီးရထားလက်မှတ်တွေကို ကားလက်မှတ်ရောင်းချသလို ပြည်သူတွေ လွယ်ကူစွာ ဝယ်ယူနိုင်ဖို့အတွက် အွန်လိုင်းက ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ဒုဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။



မြန်မာ့မီးရထား အနေနဲ့ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မယ့် Network Server မရှိတဲ့အတွက်  အွန်လိုင်းကနေ လက်မှတ်ရောင်းချမှုစနစ်ကို အသုံးမပြုနိုင်သေးဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ဒုတိယအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  မင်းလှမဲဆန္ဒနယ်က ဒေါက်တာ သန်းအောင်စိုးက မီးရထားလက်မှတ်တွေကို ကားလက်မှတ်ရောင်းချသလို ပြည်သူတွေ လွယ်ကူစွာ ဝယ်ယူနိုင်ဖို့အတွက် အွန်လိုင်းက ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ဒုဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက စတင်ကာ ဂျပန်နိုင်ငံ ODA  ချေးငွေ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းရဲ့ အဆင့် (၂) လုပ်ငန်းတွေမှာ ခရီးသည် ဝန်ဆောင်မှုကို မြှင့်တင်နိုင်ဖို့ ကြိုတင်လက်မှတ်မှာတဲ့စနစ်နဲ့  ခရီးသည်ပြန်ကြားရေး စနစ်တွေကို တပ်ဆင်ခြင်း လုပ်ငန်းပါရှိပြီး လုပ်ငန်း အကောင်အထည်ဖော်ဖို့အတွက် တင်ဒါစာရွက်စာတမ်းတွေ ပြုစုပြင်ဆင်ထားပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။