မြန်မာနိုင်ငံအတွင်းက မြို့အနှံ့အပြားမှာ ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှု ချီတက်ပွဲ လုပ်မယ်

0
324

ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စတဲ့ မြို့တွေအပါအဝင် နိုင်ငံအတွင်းက မြို့အနှံ့အပြားမှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်ပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲဒီ လူထုလှုပ်ရှားမှုကို လာမယ့် ဖေဖော်ဝါ ၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တစ်ဦးက ဦးဆောင်ပြီး လုပ်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးကို လိုချင်တဲ့အဖွဲ့ပေါင်းစုံက လုပ်တာလို့ ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာလုပ်တဲ့ အကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုပွဲမှာ ပြည်တွင်းစစ်ရပ်တန့်ရေး၊ စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီခွင့် ရရှိရေး၊ စစ်အသုံးစရိတ် လျှော့ချရေး၊ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရေး စတဲ့အချက်တွေလည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)