နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သံတမန်များအဖွဲ့ နှစ်သစ်ကူး ညစာစားပွဲ တက်ရောက်

0
378

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့က တည်ခင်းတဲ့ နှစ်သစ်ကူးအထိမ်းအမှတ် နေ့လယ်စာ စားပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဒီကနေ့ နေ့လယ်ပိုင်းမှာ နေပြည်တော်က Park Royal ဟိုတယ်မှာ ကျင်းပခဲ့တာပါ။

အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့ နာယက စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ Robert Chua တို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနဲ့ မြန်မာနိုင်ံဆိုင်ရာ နိုင်ငံခြားသံရုံး ၃၆ ရုံးက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေက အကြီးအကဲတွေ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)